အမှတ်မထင်ပြန်တွေ့တဲ့ ဓါတ်ပုံ


အမှတ်မထင်ပြန်တွေ့တဲ့ ဓါတ်ပုံ (၁)

၁၉၆၉ လောက်ကဓါတ်ပုံကို မနှစ်က ပြန်တွေ့ရတယ်။

ကိုယ်တို့ငယ်ငယ် ဟိုခါတုန်းက ပြောမရဆိုမရ မိုက်ကြတဲ့အခါတွေ၊ ချစ်သောဖေဖေ၊ ချစ်သောမေမေ၊ ကရုဏာဒေါသောနဲ့ ရိုက်နှက်ဆုံးမတဲ့အခါ၊ ကျတဲ့မျက်ရည်၊ မျက်ရည်၊ မျက်ရည်၊ အသဲဘဝင်မှာ မနာတတ်သောအရွယ်ပေ့

အခုတော့ သား သမီး မြေးတွေနဲ့ မြစ်တယောက်ရှိပြီ။

အမှတ်မထင်ပြန်တွေ့တဲ့ ဓါတ်ပုံ (၂)

ကျွန်တော့်အမေနဲ့ ကျွန်တော့သားသမီးတွေဓါတ်ပုံကို မနှစ်က ပြန်တွေ့ရတယ်။ ၁၉၈၂ ခုနှစ်လောက်က ကျွန်တော် စစ်ကိုင်းဆေးရုံမှာ တာဝန်ကျစဉ်က စစ်ကိုင်းကောင်းမှုတော်ဘုရားမှာ။

ဒေါက်တာတင့်ဆွေ
၂၃-၁၂-၂၀၁၈
၂၃-၁၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ