လက်တွေမာဆိုတာ မာနေသောလက်

၁။ မင်္ဂလာပါဆရာ ရောဂါတခုခံစားနေရလို့ပါ လက်တွေမာ အဖြူစက်လေးတွေပေါက်လာလို့ အဲဒါ ဘါဆေးတွေ သောက်ရင်ကောင်းမလဲ သိချင်လို့ပါ

ဖြစ်တဲ့သူ ကလေး လူကြီး အသက် ကျား မ မသိ။ မေးနည်းပို့လိုက်တယ်။ ပို့စ်မှာသုံးချင်လို့ တစ်ခုကို ပြင်လိုက်တယ်။ ဆောရီး။ လက်တွေမာဆိုတာ မာနေသောလက်။ လက်တွေမှာလို့ ရေးရတယ်။ စကယ်လရိုဒါးမား အရေပြားမာတဲ့ရောဂါ ရှိတယ်။

Scleroderma (စကယ်လရိုဒါးမား) အရေပြားမာတဲ့ရောဂါ https://doctortintswe.blogspot.com/2014/11/scleroderma.html

မှာကို မာလို့ရေးနေသူတွေ မနည်းလှပါ။

၂။ ဆရာရှင့် သမီး လူအများအလယ်ထွက်တဲ့အခါတွေမှာ state တွေပေါ်မာ တက်ရတော့မယ်အခါတွေမာ မတက်ခင်မာလဲ ဆောက်တည်ရာမရ တွေဖစ် စိတ်နက်လူနက်မကပ် ဘယ်လိုမှထိန်းချုပ်လို့မရဘူး state ပေါ်ရောက်တဲ့အခါတွေမာလဲ တလွဲတွေဖစ် နက် ကိုယ်ကိုကိုယ်မကျေနပ်နိုင်ဖစ်ရပါတယ် အရမ်းစိုးရိပ်စိတ်တွေလွန်ကဲပါတယ်ဆရာ

၃။ ဆရာ ကန်တော့ပါ ရှင့် မရိုမသေလေးဖြစ်မိသွားရင် နားနဲ့မနာဖဝါးနဲ့နာပါရှင့် မိန်းမကိုယ်မာ ဖြစ်တာပါ လိုင်းပေါ်ရှာကျိတော့

၎။ ဟုတ်ကဲ့ပါရှင့် မာအောက်မှာတစ်ချောင်းငင်ထည့်ရင်keyboard ပြောင်းနေရလို့ရှင့်အမြန်ရေးလိုက်တာရှင့် ကျေးဇူးပါရှင့် သိပါတယ်ဆရာ တေနဲ့တွေက အမြန်ရေးလိုက်မိတာပါ အောက်ကဝဆွဲထည့်နေရင်ကြာမာစိုးလို့ပါရှင့် ဆယ်တန်းတုန်းက မြန်မာစာဂုဏ်ထူးထွက်ထားတာပါရှင့် ထောက်ပြပေးလို့ကျေးဇူးတင်ပါတယ်ရှင့်

၅။ အရိုးမာတဲ့။

၆။ ရန်ကုန်မာတဲ့။

၇။ သားအိမ်မာတဲ့။

၈။ မြန်မာမာတဲ့။

မာ နှင့် မှာ https://doctortintswe.blogspot.com/2018/01/blog-post_19.html
မာ နှင့် မှာ သို့မဟုတ် မာသောအရိုး မာသောအိမ် မာသောရန်ကုန် https://doctortintswe.blogspot.com/2019/01/blog-post_82.html
မြန်မာစာကို မှန်အောင်မရေးကြသူများကို မြန်မာလူမျိုးဟုခေါ်သည် https://doctortintswe.blogspot.com/2019/08/blog-post_39.html
မြန်မာမာဆိုတာ ဘယ်မှာရှိပါသလဲ https://doctortintswe.blogspot.com/2019/07/blog-post_97.html
မြန်မာနိုင်ငံမှာ ကူးစက်ရောဂါသစ်များ ဖြစ်ပွါးနေ https://doctortintswe.blogspot.com/2019/04/blog-post_53.html
သားအိမ်မာလို့ မရေးရ သားအိမ်မှာလို့ ရေးရ https://doctortintswe.blogspot.com/2019/05/blog-post_26.html

ဒေါက်တာတင့်ဆွေ
၂၁-၁၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ