မန်လည်ဆရာတော်



မန်လည်ဆရာတော်ဘုရားကြီး ရေးသားတော်မူအပ်သော အစိန္တေယျကြီးကျမ်းကို ၁၃၂၆ (၁၉၆၄) မှာ ထုတ်ပါတယ်။

တခုစီချ၍
တသက်လုံးအောက်မေ့
တပါးစီထုတ်၍
တပုဒ်တပုဒ်၌
ရတနာမကို တို့နှင့်တကွ
စကြဝဠာ တတိုက်၌

မန်လည်ဆရာတော်ဟာ  (၁၂၀၃-၁၂၈၁)  ဝန်းသိုမြို့နယ် မန်လည်ဇာတိဖြစ်တယ်။ မဃဒေဝလင်္ကာသစ်ကလည်း ထင်ရှားတယ်။

(၅) ထိုနောက်၎င်း၊ စောလောင်းရာဇာ၊ ကြီးပညာနှင့်၊ မဟာမဃ၊ ဒေဝဘုန်းယှိ၊ သန္ဓေသိဖြင့်၊ ဇာတိပညာဉ်၊ မြဲယှဉ် စောင့်လျက်၊ ဥက္ခောင်းထက်နှိက်၊ တခက် ဆံပင်၊ ဖြူသည် မြင်က၊ မြင်လျှ မြင်ခြင်း၊ တင်အချင်းဟု၊ ကြံရင်းအဲးခိုး၊ ဉာဏ်ဆော်နှိုး၍၊ မိုးကြိုးပမာ၊ မိန့်တော်မှာသည်၊ ရာဇ မန္တန၊ ခဏ်းလှတသွယ်၊ နာသာဘွယ်တည်း၊ နောက်ဝယ် တဖြာ၊ ဆတ္တာသမား၊ ထိုယောက်ျားက၊ လျှောက်ကြားထင်စွာ၊ ကပ္ပကာ ရောစန၊ ဟူထ တခဏ်း၊ မြပန်း ကေသာ၊ သျှောင် စူဠာတွင်၊ ရောင်ဝါ ဘောက်ပြား၊ ဆံတော် ကြားနှိုက်၊ ကြောင် ကျားမဟူ၊ တချောင်းဖြူဟု၊ ဆယ်ဆူ လက်မြှောက်၊ တက်လျှောက် ချဉ်းကပ်၊ ရွှေမွေးညှပ်ဖြင့်၊ နှတ်အပ် ယူပြီး၊ မင်းကြီး ရွှေလက်၊ တင်ဆက် ပြဟန်၊ တခဏ်းပြန်၍၊ ဘုန်းသန် မင်းကျော်၊ ထိုဆံတော်ကို၊ ရူမျှော်တုံလစ်၊ ကိုယ့်အဖြစ်နှိုက်၊ အပြစ် မြင်မြင်၊ ဉာဏ်တော်ထင်တိုင်း၊ ဆင်ခြင်ကြံဆ၊ ခြင်းရာပြသား၊ အတ္တ စိန္တာ၊ တခဏ်းဖြာမှ၊ များစွာ သက်ကြွင်း၊ ယှိတုံလျှင်းလျက်၊ သေမင်း ယူမည်၊ တိုးတည် ထံနီး၊ ရောက်လာပြီးသို့၊ နန်းထီးစည်းစိမ်၊ မင်းရိပ်ငြိမ်ကို၊ နှောင်အိမ်လောင်တိုက်၊ မှတ်ပိုက်ဘန်ဘန်၊ သံဝေဉာဏ်ဖြင့်၊ ထင်ဟန်ခြင်းရာ၊ သံဝေဂါကာရ၊ ပြခဲ့ ခဏ်းသီး၊ ကန်းပြီး တဖြာ၊ ဥဒါန်းသာ၍၊ လွန်စွာဝမ်းနူး၊ မြွက်ဆို ကျူးသား၊ ရွှင်မြူးကြည်လှ၊ ဥဒါန ဝစန၊ ခဏ်းထူးပြလျက်၊ ဤမျှခဏ်းငယ်၊ ခြောက်ခဏ်းခြယ်၍၊ နာဘွယ်ပိုင်းသန်း၊ သံဝေခဏ်းဟု၊ မည်မှန်းနာမ၊ ဒုတိယဖြင့်၊ ကျမ်းလှတအုပ်၊ ခဏ်းကြီးချုပ်သည်။ ။ပိုက်ထုပ်မှတ်လေ ရွှေအိုးတည်း။

ဒေါက်တာတင့်ဆွေ
၂၇-၁၂-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ