သီချင်းတွေ ကဗျာတွေ ပျက်အောင်လုပ်တဲ့ခေတ်


ဦးကြင်ဥ ပဒေသာသီချင်းများ ကျွန်တော်တို့ခေတ်က ကျောင်းသုံးစာအုပ်ဖြစ်ပါတယ်။

မှိုင်းတမို့မို့ချီ
တဖော်ဝေးနယ်ချီ
တကိုယ်ဆွေးဖွယ်ချီ
သည်တခါ ငါဖေဂျီသနစ်ကိုချီ
သည်တခါ ဝနေစရာချီ
မှုန်တနွဲ့နွဲ့

ကဆုန်လဖွဲ့

သင်းမြေနံ့တကြိုင်။

စကားရွှေဝါနှင့်၊ ညောင်သီတာ ရေတော်သွန်းချိန်မို့၊ ရွှန်းဝေလို့လှိုင်။

မြိုင်မြစ်စုံ ယမုံခပါတဲ့၊ ပြည်အမရမဏ္ဍိုင်၊ ခရိုင်နယ့်တဝိုင်း။

သို့ချိန်ဆီ၊ ရင့်ကျူးပဉ္စင်္ဂီနှင့်၊ တိမ်ပန်းချီ ပွေလို့ရေးပေလိမ့်၊ ဆေးရင့်ပြာလှိုင်း။

ခုခေတ်မှာ သတ်ပုံတွေပြောင်းထားကြတယ်။ သင်းမြေနံ့တစ်ကြိုင် တဲ့။ ခရိုင်နယ့်တစ်ဝိုင်း တဲ့။ သီချင်းတွေ ကဗျာတွေ ပျက်ရော။

ဒေါက်တာတင့်ဆွေ
၃၀-၁၂-၂၀၁၉

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး