Blogger ဘလော့ စာဖတ်သူစာရင်း ဆန်းစစ်မှု

ကွန်မင့်တခုလာတယ်။ ဆရာ့ blog ကစာကိုဖတ်လို့မရပါ uni ရော zawgyi ၂မျိုးစလုံးနဲ့ ဖတ်တာ စာအမှန်ပေါ်ပါ computer နဲ့ ဝင်ပြီးတော့ ဖတ်ကြည့်ရမလိုဖြစ်နေပြနဲ့တူတယ် ကျနော့်အထင်တော့ အရင်က computer မှာ zawgyi နဲ့ ရေးထားခဲ့လို့ ဖြစ်မယ်နဲ့ တူတယ် တဲ့။

ကျွန်တော့်ဘလော့မှာ စာဖတ်သူစာရင်းဆန်းစစ်မှုလုပ်ကြည့်ပါတယ်။

၁၃-၁ဝ-၂ဝ၁၄ နေ့ကစပြီးလုပ်ထားတဲ့ ဘလော့ခ်အသစ် Dr. Tint Swe's Writings ကို ၁၂-၂-၂ဝ၁၅ နေ့မှာ စုစုပေါင်း ကြည့်ရှုတဲ့ အကြိမ်ပေါင်း Pageviews all time history 90,522 (ကိုးသောင်း၊ ငါးရာ၊ နှစ်ဆယ့်နှစ်ယောက်)။ တင်ထားတဲ့ စာပုဒ်ရေ ၁၇၆၅ ပုဒ်။

Jul 8, 2015 5:00 PM – Jul 15, 2015 4:00 PM
Pageviews all time history = 300,031

Feb 5, 2016 3:00 PM
Pageviews all time history = 598,158

၂၁-၆-၂ဝ၁၆
Total Pageviews လာရောက်ဖတ်ရှုသူများ Sparkline 899,514 တသန်းဂဏန်းနီးလာပြီ။

၇-၇-၂ဝ၁၇
Total Pageviews လာရောက်ဖတ်ရှုသူများ 2,625,789

၁၃-၇-၂ဝ၁၈
Pageviews all time history = 3,612,015

၂၃-၁၂-၂ဝ၁၇
Pageviews all time history 3,499,766

၁၅-၇-၂၀၁၉
Pageviews all time history 5,822,499

Dec 21, 2019 7:00 PM
Pageviews all time history 6,863,203
တင်ထားတဲ့စာပုဒ်ရေ 14,939

ဒီပို့စ်အတွက် စုဆောင်းပြင်ဆင်နေချိန် နာရီဝက်အတွင်းမှာ နောက်ဆုံးစာဖတ်သူပေါင်း ၄၇ ယောက်တိုးလာတယ်။
Pageviews all time history 6,863,250 ဖြစ်လာပါတယ်။ ဖတ်ကြည့်ရမလိုဖြစ်နေဆိုတာ မဟုတ်လောက်ပါ။ ၆ သန်း ၈ သိန်း ၆ သောင်း ၃ ထောင် ၂ ရာ့ ၅ ဆယ်တိတိရှိနေပြီ။

ကျွန်တော် ဇော်ဂျီဖေါင့်ကလွဲရင် မသုံးတတ်ပါ။ ယူနီကုဒ်ပါလို့တော့ လာမပြောကြစေလိုပါ။

ဒေါက်တာတင့်ဆွေ
၂၁-၁၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး