Hello Grandpa အဘခေတ် ကျဆုံးပါစေ

ဘဘရှင့် သမီးအသက်က ၃၉ နှစ်ထဲမှာပါ အသက် ၃၆ နှစ်ထဲမှာ အိမ်ထောင်ကျပါတယ်ရှင့် ကလေးတန်းယူပါတယ်ရှင်

အခါတရာလောက်တော့ တင်ထားပြီးပြီ။ ထပ်လာပြန်လို့။

မေးခွန်းတွေမှာ အကို၊ ဦးလေး၊ အဘ၊ ဘဘလို့အခေါ်တာနဲ့ ရေးတဲ့သူတွေက သားလို့၊ သမီးလို့ ရေးတာတွေဟာ နားလည်ရခက်စေတယ်။ သားလို့ရေးရင် ရေးတဲ့သူလား၊ သူ့သားလား၊ သမီးလို့ ရေးရင် ရေးတဲ့သူလား၊ သူ့သမီးလား။ သမီးရဲ့သမီးဆိုရင် သူ့မြေးမလား။ သားရဲ့ ကောင်မလေးဆိုရင် သူ့ချွေးမလား။ သမီးကောင်လေးဆိုရင် သူ့သားမက်လား။

ဆရာဝန်ကို တကယ်အမျိုးမတော်ဘဲ အမျိုးစပ်မခေါ်အပ်ပါ။ ဆရာဝန်နဲ့ လူနာကြား တွယ်ကပ်မှုကို သတိထားရပါတယ်။

နာမည်အဖျားဆွတ်ခေါ်တာ မရေးသင့်ပါ။ ကျွန်တော်က အဲတာကို သိနေသူမဟုတ်။ ညီမရဲ့အမျိုးသားနဲ့လို့ ရေးတာကို ခဲအိုနဲ့ ခယ်မ၊ မရီးနဲ့ မတ်လို့ မထင်လိုပါ။

ကျွန်တော်က အိမ်ထောင်ကျတာ စောတယ်။ မြေးရတာလည်း စောတယ်။ မြေးက အသက် ၃၉ နှစ် မရှိသေးပါ။

အဘဆိုတာ စစ်တပ်ထဲမှာနဲ့ စစ်အစိုးရထဲက လူကြီးတွေကို ခေါ်ကြတယ်။ နိုင်ငံရေးလုပ်သူတွေကို ဖမ်းဆီးနှိပ်စက်၊ ထောင်ချခဲ့သူက ထောင်ကနေ လွတ်လာတော့ သူ့ကိုယ်သူ အဘလို့ ပြောတယ်။

ဆရာလို့သုံးတာက လေးစားရာကျတယ်။ ယဉ်ကျေးတယ်။ အဘလို့ မခေါ်ပါနဲ့။ အဲလိုလူတွေက ကြီးလာရင် အဘအခေါ်ခံချင်ကြလိမ့်မယ်။ အဘလိုလည်း မလုပ်ပါနဲ့။ အဘခေတ် ကျဆုံးပါစေ။

How to greet အဘခေတ် ကျဆုံးပါစေ https://doctortintswe.blogspot.com/2018/10/how-to-greet.html
Hi Grandpa အဘရောဂါ အဆက် https://doctortintswe.blogspot.com/2019/02/hi-grandpa.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး