ဖြစ်မှ ဖြစ်ရလေ

(ခြေထောက်ပုံအတွက် ကန်တော့)

ဖြစ်လို့ရေးရမှာကို ဖစ်လို့ရေးနေသူတွေ အတော်များတယ်။ မြန်မာစာကို အဲလို သင်ပေးနေသလားမသိ။ ဖစ်ဆိုတာ ဦးဖစ်၊ ဒေါ်ဖစ်၊ ကိုဖစ်၊ မဖစ်၊ ဖစ်လမ်းနဲ့ ဖစ်သခင်လို့သာရှိတယ်။ သတ်ပုံအမှားက ကူးစက်တယ်။

ဖြစ်
ကလေးတွေကို တခုခုကိုသင်ပေးတဲ့အခါ မိဘတွေက ဖြစ်ပေ့ ဖြစ်ပေ့လို့ဆိုပြီး အားပေးကြတယ်။
ခဏဖြစ်ဖြစ်
တယောက်ဖြစ်ဖြစ်
ဘာပဲဖြစ်ဖြစ်
မသွားဖြစ်
ဖြစ်ကတတ်ဆန်း
ဖြစ်ခဲ
ဖြစ်စဉ်
ဖြစ်စဉ်ပြန်တမ်း
ဖြစ်ဆန်းကာ
ဖြစ်ထကျင်သ = ဖြစ်ထကျင်သော
ဖြစ်ထွန်း
ဖြစ်ပုံ ပျက်ပုံ
ဖြစ်မှ ဖြစ်ရပလေ
ဖြစ်မှ ဖြစ်ရသေး
ဖြစ်မြဲ
ဖြစ်ရိုးဖြစ်စဉ်
ဖြစ်လွယ်
ဖြစ်လျှင်ကောင့် = ဖြစ်လျှင်မူကား
ဖြစ်ထွေ
ဖြစ်ကြောင်းကုန်စင်
လူသေလူဖြစ်ဝါဒ
သွားလာဖြစ်အောင်
အဖြစ်အပျက်
နေထိုင်မဖြစ်
ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ကိုယ်သားသမီးကို ချစ်ကြတယ်။
ရှေ့ဖြစ် နောက်ဖြစ်

ဂူဂယ် မှာလိုက်ရှာတော့ ဖြစ်တွေ အများကြီးတွေ့တယ်။
ကျွန်ုပ်၏ဖြစ်ခြင်း
ကိုယ်ဖြစ်ကိုယ်ခံ
ကျီးလန့်အစာစားမဖြစ်လိုပါ
ငါသာ စော်ဘွားဖြစ်ချင်တယ်၊
ငါသာဘုရင်ဖြစ်ချင်တယ်၊
တရားခံဖြစ်သွားသောရှေ့နေ
နတ်ဖြစ်၊ ခွေးဖြစ်၊ နတ်ကတော်ဖြစ်၊ တရားခံဖြစ်၊
ဖလန်းဖလန်းဖြစ်တဲ့အချစ်
ဘဝမှာဖြစ်ခဲ့ကြတာတွေ
ဘာပဲဖြစ်ဖြစ် ရင့်ကျက်ပါ
ဘာဖြစ်ဖြစ်ချစ်တယ်
ဘုရင်ဖြစ်မယ့်လက်ညှိုး
မကွာရှင်းဖြစ်ခဲ့ရင်
မယ်လိုဒီသမားဖြစ်ချင်ရင် သင်တန်းတက်ပါ
မတွေ့ဖြစ်ကြပေမယ့်
မနေ့ကဖြစ်သည်
ပြည်တွင်းဖြစ်
ပြိတ္တာဖြစ်ပုံ အကြောင်း ၁၂ မျိုး
လုပ်ငန်းရှင်ဖြစ်လိုသော်
သီချင်းပဲဖြစ်ချင်တယ်
အပူနာဖြစ်ခြင်းအကြောင်း
အလုပ်ဖြစ်အောင် ပလင် ဆွဲနည်း
ရှေ့ဖြစ်ဟောခြင်း

ခေတ်ဆန်ချင်သူတွေ ဘုရားအဖစ်သို့ ရောက်တော်မူသည်လို့ ရေးသင့်ကြပြီလား။

မြန်မာစာကူးစက်ရောဂါ ပျောက်ပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၂၇-၁၂-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Menoral ဟော်မုန်းဆေးတမျိုး