ဘယ်ဟာမှ မစွန်ပါ

၁။ ဖတ်မရလဲ ကွန်ဗတ်တာနဲ့ ပြောင်းဖတ်လို့ရနေတာဘဲကို

၂။ အစကတော့မရပါဘူး Copy past နဲ့ယူတော့ Noteမှာ Alignညာကပ်ပြီး စာတွေက တစ်ကြောင်းစီတစ်ဝက်ပြတ်ထွက်နေတယ် ခုတော့ရနေပါတယ်။

၃။ ပုဂံကီးဘုတ် နောက်ဆုံးထုတ်လေးလဲ အဆင်ပြေပါတယ် စာကို ကော်ပီယူတာနဲ့ တန်းပြီး ကြိုက်တာနဲ့ ဖတ်လို့ရပါတယ်

ဒါတွေက နမူနာ။ ဒိအရင်လည်း အမျိုးမျိုး အများကြီး။ နည်းတွေကလည်း တူပုံမရ။

ဖုန်းအမျိုးအစား၊ ဘရောက်ဇာအမျိုးအစားအပေါ်မူတည်သေးတယ်။ တခုတည်းသာသုံးရသူမဟုတ်တဲ့ ကျွန်တော့်အတွက် ဘယ်ဟာမှ မစွန်ပါ။ အိမ်မှာသုံးတဲ့ကွန်ပြူတာကတမျိုး။ အလုပ်ထဲမှာကတမျိုး။ ဖုန်းကတမျိုး။ တက်ဘလက်ကတမျိုး။ အားလုံးနဲ့ အဆင်ပြေတာ တခုမှ မရှိ။

ကျောင်းကပေးတဲ့ လက်ပ်တော့မှာ ဘာမြန်မာဖေါင့်မှ ထည့်မရ။ ရပါတယ်လာပြောသူ ၃-၄ ယောက်ရှိတယ်။ မဟုတ်ပါ။ အဲလိုပြောတာ မှားပါတယ်။

အိမ်မှာသုံးတာကို ဘရောက်ဇာပြောင်းမိလို့ ဒုက္ခရောက်နေတယ်။ အများဆုံးသုံးတဲ့ အီးမေးလ်ကို အခုထိ ပြန်မရ။ တပတ်ရှိပြီ။

မေးခွန်း ၈၀% လောက်ကို ဖေါင့်ကွန်ဗာတာနဲ့ ပြောင်းဖတ်ပြီး ဖြေနေရတယ်။ ကျောင်းလက်ပတော့က ဗမာစာရိုက်မရလို့ အရေးကြီးရင် ဖုန်းကနေ ကိုယ့်မက်စင်ဂျာမှာ ဗမာလိုရိုက် ကိုယ့်ဆီကိုပို့လုပ်နေရတယ်။

ကျွန်တော့်အတွက်တော့ ယူနီကုဒ်လုပ်ကတည်းက ဘယ်ဟာမှ မစွန်တော့ပါ။ ရပါတယ်လို့ လာမပြောကြစေလိုပါ။

လွန်ခဲ့တဲ့ ၁၄-၅ နှစ်မှာ အဆင်ပြေခဲ့တယ်။ ယူနီကုဒ်ဟာ ဒုက္ခအကြီးအကျယ်ပေးတဲ့ဟာဖြစ်တယ်။ နည်းတွေ လာမပေးကြစေလိုပါ။ ကိုယ့်ဖါသာ ပြည်တော်သာနေကြပါခင်ဗျား။

ဒေါက်တာတင့်ဆွေ
၂၀-၁၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး