Friday, December 27, 2019

GIF Files နောင်တသက်လုံး မပို့စေလိုပါ

နောင်တသက်လုံး မပို့စေလိုပါ

နေမကောင်းလို့မေးတာတွေကို ဖြေနေရတဲ့အလုပ်ထက် ဒီလိုဟာတွေကို လိုက်ဖျက်နေရတာက အချိန်ကုန်နေရတယ်။

တယာက်လာလည်းဒါ။ အခါခါဆိုတော့ အီနောက်လာတယ်။ ကိုယ့်လက်နဲ့ အကောင်း အဆိုး ရေးတာလောက် တန်ဖိုး မရှိပါ။ တချို့အရုပ်တွေကို ရယ်တာလာ ငိုတာလား မသိပါ။ လက်မထောင်တာလား သံလက်သီးနဲ့ထိုးချင်တာလား မသိပါ။

တချို့ကတော့ ကလေးဆော့လို့ပါဆိုပြီး တောင်းပန်ကြတယ်။ မနေ့ကတယောက်က သူ့အကောင့်မှာ တခုခုဖြစ်နေလို့ ပတ်စ်ဝပ် ပြောင်းလိုက်တယ်လို့ ပြောတယ်။ လက်ညောင်းမခံနိုင်ရင်လည်း ဘာမှ မလုပ်တာကောင်းတယ်။

အရုပ်သည်တွေလို ဖုန်းတလုံးနဲ့ အွန်လိုင်းကနေ ဘီလ်အကုန်ခံပြီး ထိုင်ရောင်းနေကြတယ်။ ဈေးရောင်းရင် ဈေးသယ်ပါလို့တော့ အော်ရတယ်။
အရုပ်တွေရမယ်
စတစ်ကာတွေရမယ်
အီမိုဂျီတွေရမယ်
ဂျီအိုင်အက်ဖ်တွေရမယ်
ကျမ စာမရေးတတ်ပါ။

1.    Do Not Send ဆုတောင်းတာတွေ မရလိုပါပြီ https://doctortintswe.blogspot.com/2018/01/do-not-send.html
2.    Emoji Stickers အရုပ်သယ်တွေ https://doctortintswe.blogspot.com/2018/11/emoji-stickers.html
3.    GIF Files နောင်တသက်လုံး အဲလိုဟာတွေ မပို့စေလိုပါ https://doctortintswe.blogspot.com/2017/09/no-video-files.html
4.    Powerlessness ကျွန်တော့်သြဇာ ဘယ်လောက်ညောင်းသလဲ https://doctortintswe.blogspot.com/2017/12/powerlessness.html
5.    Stickers for sale ဟောဒီက အရုပ်တွေရမယ် https://doctortintswe.blogspot.com/2019/05/stickers-for-sale.html
6.    Stickers အရုပ်သည်တွေ https://doctortintswe.blogspot.com/2018/01/stickers.html
7.    Unfriended လူညံ့တွေများတာ စိတ်မကောင်းပါ https://doctortintswe.blogspot.com/2017/05/unfriended.html

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment

Note: Only a member of this blog may post a comment.

လည်းကောင်း နဲ့ ၎င်း

၁။ ဆရာ ၎င်းရဲ့ စာလုံးဟာ  ငသတ်ရှေ့က အက္ခရာကို ဘယ်လိုခေါ်ရပါသလဲခင်ဗျာ။ ၎င်း လည်းကောင်း ဆက်စပ်ရာ ပြပုဒ်တွေဟာ ဝါကျအထားအသို မတူကြဘူးဆရာ။ သတင်းစာတွေမှာေ...