ခေတ်သစ် ဖက်ရှင်

ပ နဲ့ ဖ မှာ ရရစ် မထည့်ရင် ဖက်ရှင်။
ယသတ် အစား ရသတ်တာ ဖက်ရှင်လား။
မှု ပြု တို့မှာ အောက်မြစ် ထည့်တာ လျှာရှည်ကြသူများ။
ပြီ အစား P နဲ့ ပြီး အစား Pး လို့ရေးတာ ဘိုကပြား။
ပုဒ်မ ပုဒ်ထီး အစား ဖူးလ်စတော့ ထည့်တာလည်း ဘိုကပြား။
ရ အစား က လို့ပြောတာ လူရွှင်တော် နဲ့ ယိမ်းသမ။
မှာ ကို ဟထိုးမထည့်တာ အချိန်နည်းနည်းလေးမှ မအားကြသူများ။
ဟုတ် ကို ဟု လို့ရေးတာ အချိန်နည်းနည်းလေးမှ မအားကြသူများ။
ကြည့် ကို ကျိ လို့ရေးတာ ကျိကျိတက်ချမ်းသာသူများ။
ဘူး ကို ပု နဲ့ ဝူး လို့ရေးတာ စကားတတ်ခါစကလေး။
တွေ ကို တေ လို့ရေးကြသူ လူပေလူတေတွေများ။
ပါပြီ ကို ပါပီ လို့ရေးတာ ခွေးကလေးမွေးထားသူများ။
ဘယ် ကို ဘ လို့ရေးတာ အဘသားသမီးများ။
တမြင်တာနဲ့ စသတ်တာ အမိန့်တော်နာခံကြသူများ။

ခေတ်ပေါ်မြန်မာစာ။ ဂုဏ်ယူကြပါခင်ဗျား။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး