ရွှေယုံနဲ့ ရွှေကျား သက်ကယ်ရိတ်သွား
ဆရာခင်ဗျား အိမ်မိုးတာ သက်ကယ် နဲ့ သက်ငယ် ဘယ်ဟာကအမှန် ဖြစ်တယ်ဆိုတာ သိချင်ပါတယ်
ခုခေတ်ထုတ်သတ်ပုံစာအုပ်မှာ သက်ငယ်လို့ပါတယ်။ အရင်ထုတ်စာအုပ်ထဲမှာ သက်ငယ်လည်း မပါ၊ သက်ကယ်လဲ မပါ။ ကျွန်တော်တို့ငယ်ကတည်းက သက်ကယ်လို့သာ ပြောဆိုခဲ့ကြပါတယ်။ ပုံပြင်လည်းရှိတယ်။ သီချင်းလည်းရှိတယ်။ သက်ကယ်။
ရွှေယုံနဲ့ ရွှေကျား
ရေး - မောင်မောင်လတ်
ဆို - မဉ္ဇူမြင့်
ပြောပြမယ်မောင် နားထောင် နားတောင် ဟိုရှေးရှေးတုန်းက ဒဏ္ဍာရီကိုဆောင် ရွှေယုံနဲ့ ရွှေကျား နှစ်ကောင် သက်ကယ်ရိတ်သွားတဲ့အကြောင်းကိုဆောင် မောင်နားထောင်
ရွှေယုံကမောင် လှည့်စားတတ်ချင်းတောင် တူဘဲတူလွန်းယောင် နှစ်ကိုယ်သစ္စာ အပိုမေတ္တာ ရစ်ကာကြိုးနှောင် ဖြတ်တောက်ကာ စိမ်းပင်ရိပ်မှာ ခနဲ့ပြုံးပြုံးလို့သာလှောင် မေတပါးခမြာ ရွှေကျားပမာ သနားသင့်တယ်မို့ ချင့်တွက်လို့ မစာနာသူမောင် ဘဝလမ်းတလျောက်မှာ လက်တွဲဖြုတ်လို့ပြေးတဲ့မောင်
မောင် မောင်ရဲ့ ညှိုးမာန်ဖွဲ့ နေပေစေ နေပေစေ ကြွေကျမယ့်ပန်းသာ နွမ်းလောင် စခန်းသာတော့ မလှမ်းရှာနိုင်အောင် ရှေ့က လမ်းတလျှောက်မှောင် သည်မေတကိုယ်ထဲ နေမယ်မောင်
သီချင်းစာသားမှာ သက်ကယ်၊ မေတပါး၊ ဘဝလမ်းတလျောက်၊ သည်မေတကိုယ်ထဲလို့ရေးတယ်။ တတွေကို စမသတ်ပါ။
ဘယ်တုန်းက သက်ကယ်ကနေ သက်ငယ်ဖြစ်သွားသလဲ မသိပါ။
ဒေါက်တာတင့်ဆွေ
၁၉-၁၂-၂၀၁၉

Comments
Post a Comment