Kyat ငွေစက္ကူပေါ်က ရုပ်ပုံ နှင့် သတ်ပုံ သမိုင်း
















အသပြာငွေကို ၁၈၅၂ ခုနှစ်ကည်းကသုံးခဲ့တယ်။ ပဌမဆုံးငွေက ၁၈၅၂ ကနေ ၁၈၈၉ အထိဖြစ်တယ်။ ငွေဒင်္ဂါးခေါ် အကြွေကို ၁၈၅၂ ခုနှစ် မင်းတုန်းမင်းလက်ထက်က စသုံးတယ်။ ပြင်သစ်က အကူအညီပေးခဲ့တယ်။ အင်္ဂလိပ်ကိုလိုနီမှာ အိန္ဒိယငွေ ရူးပီးနဲ့ ရောနေခဲ့တယ်။ လွန်လပ်ရေးရတော့ ၁ ရူးပီးဟာ မြန်မာငွေ ၆၅ ပြားနဲ့ညီတယ်။ ၁၉၄၃ ကနေ ၁၉၄၅ အတွင်းသုံးခဲ့တာက ဂျပန်ငွေစက္ကူတွေဖြစ်တယ်။

လွတ်လပ်ရေးရတော့ ငွေစက္ကူပေါ်က မြန်မာစာ သတ်ပုံကို အမှန်အတိုင်းရေးတယ်။ တပြား၊ တကျပ်၊ တဆယ်၊ တရာ။

၁-၇-၁၉၅၂ မှာ အသစ်တွေစသုံးတယ်။ ၁၉၅၆ ခုနှစ်ကစပြီး ၁၊ ၅၊ ၁ဝ၊ ၂၅ နဲ့ ၅ဝ ပြားအကြွေတွေထုတ်တယ်။ ၁၉၄၄ ခုနှစ်မှာ ၁၊ ၅၊ ၁ဝ နဲ့ ၁ဝဝ ကျပ် စက္ကူတွေထုတ်တယ်။ ၁၉၄၄ မှာ ၁ဝဝ တန်ထုတ်တယ်။ ၁၂-၂-၁၉၅၂ နေ့မှာ ၁၊ ၅၊ ၁ဝ နဲ့ ၁ဝဝ ကျပ်စက္ကူသစ်တွေထုတ်တယ်။ ၂၁-၉-၁၉၅၈ မှာ ၂ဝ တန်နဲ့ ၅ဝ တန်တွေထုတ်တယ်။

ဗိုလ်ချုပ်နေဝင်းခေတ်
၁၅-၅-၁၉၆၄ မှာ ၅ဝ တန်နဲ့ ၁ဝဝ တန်တွေကို ပဌမဆုံးအကြိမ်တရားမဝင်ကြေညာလိုက်တယ်။ ၁၉၇၂ ခုနှစ်မှာ ငွေတွေကို ဝါဇီစက်ရုံကနေရိုက်ထုတ်တယ်။ ဂျာမဏီကအကူအညီပေးတယ်။ ၃-၁၁-၁၉၈၅ နေ့မှာ ၂၅၊ ၅ဝ နဲ့ ၁ဝဝ ကျပ်တန်တွေကို ဒုတိယအကြိမ် တရားမဝင်ကြေညာတယ်။ ၁ဝ-၁၁-၁၉၈၅ နေ့မှာ ၇၅ ကျပ်တန် ငွေစက္ကူစထုတ်တယ်။ ၁-၉-၁၉၈၆ နေ့မှာ ၁၅ ကျပ်နဲ့ ၃၅ ကျပ်တန်တွေထုတ်တယ်။ ၅-၉-၁၉၈၇ နေ့မှာ ၂၅၊ ၃၅ နဲ့ ၇၅ ကျပ်တန်တွေကို တတိယအကြိမ် တရားမဝင် ကြေညာတယ်။ ၂၂-၉-၁၉၈၇ နေ့မှာ ၄၅ ကျပ်တန်နဲ့ ၉ဝ ကျပ်တန်တွေ ထုတ်တယ်။

စစ်အစိုးရခေတ်
၂ဝ-၆-၁၉၈၈ နေ့မှာ ငွေစက္ကူသစ်တွေရိုက်ပါတယ်။
• ၁-၃-၁၉၉ဝ နေ့မှာ ၁ ကျပ်တန်နဲ့ ၂၇-၃-၁၉၉ဝ နေ့မှာ ၂ဝဝ ကျပ်တန်ငွေစက္ကူတွေရိုက်ပါတယ်။
• ၂၇-၃-၁၉၉၄ နေ့မှာ ပြား ၅ဝ၊ ၂ဝ၊ ၅ဝ၊ ၁ဝဝ နဲ့ ၅ဝဝ ကျပ်တန်ငွေစက္ကူတွေရိုက်နှိပ်တယ်။
• ၁-၅-၁၉၉၅ နေ့မှာ ၅ ကျပ်တန်နဲ့ ၁ဝ တန်တွေရိုက်နှိပ်တယ်။
• ၁၉၉၈ ထဲမှာ ၁ဝဝဝ တန်ငွေစက္ကူတွေရိုက်တယ်။
• ၂ဝဝ၄ ခုနှစ်ထဲမှာ ၂ဝဝ၊ ၅ဝဝ နဲ့ ၁ဝဝဝ တန်တွေကို အရွယ်အစားသေးလိုက်တယ်။
• ၁-၁ဝ-၂ဝဝ၉ နေ့မှာ ၅ဝဝဝ တန်ငွေစက္ကူသစ်တွေထုတ်တယ်။
• ၁၅-၆-၂ဝ၁၂ နေ့မှာ ၁ဝဝဝဝ တန်ငွေစက္ကူတွေထုတ်တယ်။
• FEC ခေါ်တဲ့ ဒေါ်လာတုငွေစက္ကူတွေကို ၁၉၉၃ မှာစထုတ်တယ်။ ၂ဝ-၃-၂ဝ၁၃ နေ့မှာ ရုပ်သိမ်းလိုက်တယ်။

ခြင်္သေ့ပုံပါ ငွေစက္ကူများ
• ၃၁-၁ဝ-၁၉၉၆ = ခြင်္သေ့ပုံ ၁ ကျပ်တန် စတင်ထုတ်ဝေတယ်။
• ၁၉၉၇ = ခြင်္သေ့ပုံ ၅ ကျပ်တန်၊ ခြင်္သေ့ပုံ ၁ဝ တန်၊
• ၂၇-၃-၁၉၉၄ = ခြင်္သေ့ပုံ ၂ဝ တန်
• ၁၉၉၇ = ခြင်္သေ့ပုံ ၅ဝ တန်
• ၂၇-၃-၁၉၉၄ = ခြင်္သေ့ပုံ ၁ဝဝ တန်
• ၁၁-၁၂-၂ဝဝ၄ = ခြင်္သေ့ပုံ ၂ဝဝ တန်
• ၁ဝ-၁ဝ-၂ဝဝ၄ = ခြင်္သေ့ပုံ ၅ဝဝ တန်
• ၁၉၉၈ နိုဝင်္ဘာ = ခြင်္သေ့ပုံ ၁ဝဝဝ တန်
• ၁၁-၁ဝ-၂ဝဝ၄ = ခြင်္သေ့ပုံ ၁ဝဝဝ တန်နောက်ဆုံးထုတ်ဝေတယ်။

ခြင်္သေ့ပုံမပါ ငွေစက္ကူများ
• ၁-၁ဝ-၂ဝဝ၉ = ဆင်ဖြူတော်ပုံ ၅ဝဝဝ တန်၊
• ၁၅-၆-၂ဝ၁၄ = နိုင်ငံတော်တံဆိပ် + မန္တလေးကျုံးပုံပါ ၁ဝဝဝဝ တန်။

ဗိုလ်ချုပ်ပုံပါ ငွေစက္ကူများ
• ၃ဝ-၄-၁၉၆၅ = ဗိုလ်ချုပ်ပုံပါ ၁ ကျပ်တန် စတင်ထုတ်ဝေတယ်။
• ၁၉၆၅ = ဗိုလ်ချုပ်ပုံ ၅ ကျပ်တန်၊ ဗိုလ်ချုပ်ပုံ ၁ဝ တန်၊ ဗိုလ်ချုပ်ပုံ ၂ဝ တန်၊
• ၃၁-၁ဝ-၁၉၇၂ = ဗိုလ်ချုပ်ပုံ ၁ ကျပ်တန်
• ၃၁-၁ဝ-၁၉၇၃ = ဗိုလ်ချုပ်ပုံ ၅ ကျပ်တန်
• ၃ဝ-၆-၁၉၇၃ = ဗိုလ်ချုပ်ပုံ ၁ဝ တန်
• ၁-၈-၁၉၈၆ = ဗိုလ်ချုပ်ပုံ ၁၅ ကျပ်တန်
• ၃-၁၁-၁၉၈၅ = ဗိုလ်ချုပ်ပုံ ၂၅ ကျပ်တန်
• ၁-၈-၁၉၈၅ = ဗိုလ်ချုပ်ပုံ ၃၅ ကျပ်တန်
• ၂၂-၉-၁၉၈၇ = သခင်ဖိုးလှကြီးပုံ ၄၅ ကျပ်တန်
• ၁၉၇၉ ဇူလိုင်လ = ဗိုလ်ချုပ်ပုံ ၅ဝ ကျပ်တန်
• ၁ဝ-၁၁-၁၉၈၅ = ဗိုလ်ချုပ်ပုံ ၇၅ ကျပ်တန်
• ၂၂-၉-၁၉၈၇ = ဆရာစံပုံ ၉ဝ ကျပ်တန်
• ၁-၈-၁၉၈၆ = ဗိုလ်ချုပ်ပုံ ၁ဝဝ တန်
• ၁-၃-၁၉၉ဝ = ၁ ကျပ်တန် = ဗိုလ်ချုပ်ပုံဖြင့် နောက်ဆုံးထုတ်ဝေခြင်း။
• ၂၀၁၉ ခုနှစ်အကုန်မှာ ဗိုလ်ချုပ်ပုံပါငွေစက္ကူသစ် ထုတ်တယ်။

ပိုက်ဆံ နှင့် ဒင်္ဂါး
ဘုရင်တွေလက်ထက်က ဒင်္ဂါးသွန်းလုပ်သုံးစွဲခဲ့တယ်။ အရုပ်ခပ်နှိပ်တာက အမျိုးမျိုးရှိတယ်။ ဒေါင်းဒင်္ဂါး (ရတနာပုံ ဒေါင်းဒင်္ဂါး)၊ ခြင်္သေ့ဒင်္ဂါး၊ ယုန်ဒင်္ဂါး၊ တိုးဒင်္ဂါး (ရတနာပုံတိုးဒင်္ဂါး၊ ထိုးနယားရုပ်) စတာတွေရှိခဲ့တယ်။ တိုးဆိုတာ မြင်းနဲ့ သမင် ပေါင်းစပ်ထားတဲ့အကောင်။ ပိုက်ဆံဆိုတာ ဟင်ဒီစကား Paisa ပိုက်ဆား၊ Paise ပိုက်ဆေး ကနေလာတာ။

ခြူးဒင်္ဂါးလည်းရှိတယ်။ ပိုက်ဆံမရှိတာကို ခြူးတပြားမှမရှိဘူးလို့ ပြောစမှတ်စကား ကြားဘူးတယ်။

သမိုင်းကောက်ချက်
ငွေစက္ကူတန်ဖိုးဂဏန်းတွေ ရေတွက်ရတာခက်ခဲစေအောင် လုပ်ခဲ့တယ်။ ပုံတွေ မကြာခဏပြောင်းခဲ့တယ်။ ငွေစက္ကူပါ မြန်မာစာသတ်ပုံတွေ ပြောင်းတယ်။ ကမ္ဘာမှာ စပယ်လင် ပြောင်းတဲ့ ငွေစက္ကူမရှိပါ။ တရာတန်ကို တစ်ရာတန် လုပ်ကတည်းက ကျပ်ငွေတန်ထိုးကျခဲ့တာ။

ဒေါက်တာတင့်ဆွေ
၂၀-၁၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး