Sunday, December 22, 2019

Treatment for hepatitis C virus (HCV) အသဲရောင်စီပိုးကုသနည်း

မင်္ဂလာပါရှင့် အသက် ၆၆ နှစ်အန်တီကြီး cပိုးဆေးသုံးလသောက်ပြီး ပိုးကောင်ရေစစ်ကြည့်တော့ <10IU/mL လို့ အဖြေထွက်ပါတယ်ရှင့်။ ဘာဆေးဆက်သောက်ရမလဲ ညွှန်ကြားပေးပါရှင့်။

အသဲရောင်စီပိုးကုသနည်း ၂၀၁၁ ကတည်က အောင်မြင်မှုရလာတယ်။ သတ်မှတ်ထားတဲ့ဆေးသောက်ပြီး ၁၂ ပတ်နေရင် ပိုးစစ်လို့မတွေ့တော့ပါ။ အဲလိုဖြစ်လာတာကို virologic response (SVR) လို့ခေါ်တယ်။ Cure of HCV infection ပျောက်ပြီလို့လည်းပြောနိုင်တယ်။ ၉၀% ကျော်မှာ အဲလိုဖြစ်နိုင်တယ်။ စားဆေး ၈ ပတ်ကနေ ၁၂ ပတ်ပေးတယ်။

SOFOSBUVIR/VELPATASVIR ဆေးအတွဲကို ဂျီနိုတိုက်ပ် hepatitis C genotype 1, 2, 3, 4, 5, or 6 အမျိုးအစားတွေအတွက်ပေးတယ်။ အသဲခြောက်ခြောက် မခြောက်ခြောက်ပေးတယ်။ အသဲခြောက်တာဆိုးနေသူတွေကို SOFOSBUVIR/VELPATASVIR နဲ့အတူ ribavirin ဆေးပါပေးတယ်။

LEDIPASVIR/SOFOSBUVIR ဆေးအတွဲကို ဂျီနိုတိုက်ပ် 1, 4, 5 or 6 အမျိုးအစားတွေအတွက်ပေးတယ်။ အသဲခြောက်ခြောက် မခြောက်ခြောက်ပေးတယ်။ အသဲခြောက်တာဆိုးနေသူတွေကို LEDIPASVIR/SOFOSBUVIR နဲ့အတူ ribavirin ဆေးပါပေးတယ်။

cပိုးလို့ ရေးတာ မသင့်ပါ။ C ပိုး၊ စီပိုးလို့သာ ရေးသင့်တယ်။ စာရိုက်တာမှာ အဖြတ်အတောက်၊ ပုဒ်မ ပုဒ်ထီး မှန်ကန်အောင် ထည့်ရတယ်။ အဲလိုရေးနေသူတွေ အတော်ကိုများတယ်။ ကျောင်းတွေ ရုံးတွေမှာ မသင်ကြဘူးလား မသိ။ လက်နှိပ်စက်ခေတ်မှာ စနစ်တကျသင်ရတယ်။ ကွန်ပြူတာသမားတွေ လက်နှိပ်စက်သမားတွေလောက် စနစ်မထားကြတာ မသင့်ပါ။

ဒေါက်တာတင့်ဆွေ
၂၂-၁၂-၂၀၁၉

No comments:

Post a Comment

Note: Only a member of this blog may post a comment.

လက်ရေးနဲ့ကဗျာ

၁။ ပုံပါလက်ရေးက ဆရာ့လက်ရေးလား ဆရာမငွေတာရီလက်ရေးလား ဆရာ ကျွန်တော် မရေးပါ။ ငွေတာရီလက်ရေး။ ၂။ ဆရာ့စာလေးရောကဗျာလေးရော Share ထားပါတယ်ဆရာ ငယ...