စာအုပ်ကြီးအတိုင်း မရေးတာ မှားသလား

မင်္ဂလာပါဆရာ ဆရာရဲ့စာတွေအမြဲဖတ်ရပါတယ်။ ကျွန်တော်ကမူလတန်းပြဆရာတယောက်မို့ တ သုံးတာနဲ့ တစ် သုံးတာကို ပိုပြီးစိတ်ဝင်စားဖတ်မိပါတယ်။ ကျန်းမာရေးအတွက် မေးတာလဲဖြေရ တ နှင့် တစ် ကိုလဲပြင်ပေးရနဲ့ အားနာမိပါတယ်။ တွေ့မိတာလေးပို့ပေးရင်း အမှားနဲ့အမှန်ခွဲခြားပေးပါဦးဆရာ။ ကျေးဇူးတင်ပါတယ်။

မေးလာလို့ ဝမ်းသာတယ်။ ကျောင်းမှာစာသင်ပေးနေတဲ့ ဆရာဆရာမတွေအတွက်တော့ ကျွန်တော့်အမြင် တင်ပြချက်တွေက အသုံးမတည့်နိုင်။ ကျောင်းမှာ အထက်ညွှန်ကြားချက်ကိုသာ လိုက်ကြရတယ်။ မြန်မာစာကို မြန်မာစာအမှန်နောက် လိုက်မရ။ သမိုင်းလည်း သမိုင်းမှန်နဲ့ မဖြစ်တာရှိတယ်။ ပထဝီတောင်မှ မကိုက်ညီတာတချို့ ရှိသေးတယ်။

တစ် သမိုင်း သံခိပ် https://doctortintswe.blogspot.com/2018/09/blog-post_69.html
တ နှင့် တစ် https://doctortintswe.blogspot.com/2017/08/blog-post_86.html
တစ်လို့ပြင်တာ ပလီတာ https://doctortintswe.blogspot.com/2019/06/blog-post_435.html
Tit for tat (2) အလင်္ကာပန်းကုံး တ ကို တစ်လို့မသုံး http://doctortintswe.blogspot.com/2016/01/tit-for-tat-2.html
Tit for tat (3) တစ်နေတဲ့ ခေတ်ကြီး http://doctortintswe.blogspot.com/2016/01/tit-for-tat-3.html
Tit for tat အနန္တသူရိယ မှားသလား http://doctortintswe.blogspot.com/2016/01/tit-for-tat.html
To my Burmese teachers ကျွန်ုပ်၏ မြန်မာစာဆရာများသို့ http://doctortintswe.blogspot.com/2016/01/to-my-burmese-teachers.html
တစ် အသုံးမှန်များ https://doctortintswe.blogspot.com/2018/12/blog-post_354.html
မဲဇာတောင်ခြေ (သို့) မတစ်တဲ့ အစစ် https://doctortintswe.blogspot.com/2016/06/blog-post_21.html

မြန်မာစာသတ်ပုံတွေ အမိန့်နဲ့ပြောင်းတာကိုတော့ အသေအချာသိပါတယ်။ အရင်ကရေးတာတွေ မှားနေလို့ မဟုတ်ပဲ၊ ကုလားထိုင်ရ မြန်မာစာဆရာကြီးတွေက အမိန့်ပေးနိုင်သူ တဦးတည်းအလိုကျလုပ်ခဲ့တာ။

ကျွန်တော်က မြန်မာစာဆရာမဟုတ်ပါ။ လေ့လာသူလို့ပြောရအောင်လည်း နည်းနည်းသာ မှန်တယ်။ ကိုယ်ပိုင်သတ်ပုံ တလုံးတလေမျှ မရှိပါ။ ဘယ်တုန်းက၊ ဘယ်ထဲမှာ၊ ဘယ်ဆရာတော်တွေ၊ ဘယ်ပုဂ္ဂိုလ်တွေက ဘယ်လိုရေးတယ်လို့သာ တင်ပြပါတယ်။ တ နဲ့ တစ်သာ မဟုတ်ပါ။ တင်ပြပြီး နမူနာ တထောင်ကျော်မယ် ထင်တယ်။

စစ်အစိုးရလက်အောက်မှာ ပေါ်လစီသတ်ပုံမဟုတ်ရင် ဘယ်နေရာမှ မရခဲ့ပါ။ အခုတော့ စာသင်ကျောင်းတွေ၊ ရုံးတွေ၊ ဘဏ်တွေနဲ့ လွှတ်တော်ကလွဲရင် မူလသတ်ပုံမှန်အတိုင်း ရေးလို့ရနေပါပြီ။

ဒေါက်တာတင့်ဆွေ
၂၅-၁၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး