ဆွမ်းဆန်တော် သုံးတင်းဝင်တအိတ်

၁၃၃၇ ခု နယုန်လ္ဆုတ် (၆) ရက်
၁၉၇၅ ခု ဇွန်လ (၂၉) ရက်နေ့

ထီးချိုင့်မြို့
ဥက္ကဋ္ဌကြီးအမှူးပြုသော
မြို့နယ်ပြည်သူ့ကောင်စီအဖွဲ့ဝင်
ဒါယကာကြီးများထံ

စာရေးမေတ္တာရပ်ခံပါသည်။ အကြောင်းမှာ -
ထီးချိုင့်မြို့ ရွာသစ်ကုန်းရပ်နေ (ဘုန်းကြီး၏ တပည့်ဒကာ) ဦးကံထွန်းနှင့် ဇနီးမိသားစုတို့က ဘုန်းကြီးအား ဆွမ်းဆန်တော်သို့ တင်းဝင်တအိတ် လှူဒါန်းပါသည်။

၎င်းဆွမ်းဆန်တော် သုံးတင်းကို ထီးချိုင့်မြို့မှ မင်းကွန်းအရောက် (၃၀/၆/၇၅) နေ့ထွက် ကသာမန်း ကူးတို့သင်္ဘောဖြင့် သယ်ယူခွင့်ပြုပါရန် မေတ္တာရပ်ခံပါသည်။

ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ
ဦးဝိစိတ္တသာရာဘိဝံသ
(ခေတ္တ) ရွှေစည်းဂုံကျောင်းတိုက်
ထီးချိုင့်မြို့

မင်းကွန်းဆရာတော်ကြီးလက်ရေးစာမှာ သုံးတင်းဝင်တအိတ်လို့ ရေးပါတယ်။ တစ်အိတ် မဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၂၇-၁၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး