ဝေဇယန္တာ

သူငယ်ချင်း ဆရာဝန်တယောက်က တင်ထားတာ။ တီးလုံးကို အသံသွင်းခဲ့တာ ၄၈ နှစ်ရှိသွားပြီ။ ဆေးကျောင်းသာတွေ စုပေါင်း တီးမှုတ်ကြတာ ဝေဇယန္တာ။

မယ်ဒလင် - ကိုစန်းရောင်ညွန့်၊ တယော - ကိုခင်ဦးမောင် https://my.pcloud.com/publink/show…

ကိုစန်းရောင်ညွန့်၊ ကိုခင်ဦးမောင်၊ ကိုစိုးမြင့်၊ ကိုတင်ဦး၊ ကိုတင်မြင့်၊ ကိုကျော်ကျော်ဝင်း၊ ကိုခင်မောင်ဗို၊ ကိုကိုကြီး၊ ကိုသန်းထွန်းဦး၊ ကိုတင်လှိုင်တဲ့။ မနှစ်က အလည်ပြန်တော့ သူ့စာထဲက သူငယ်ချင်း ၂ ယောက်နဲ့ တွေ့ခဲ့တယ်။ မယ်ဒလင်တီးတဲ့သူငယ်ချင်းက သူ့လက်ချောင်းတွေက အရင်လို မရတော့တဲ့။ အသံသွင်းတာမှာ ဝင်မဆိုလိုက်ရတဲ့ သူငယ်ချင်းကတော့ ဆိုကောင်းတုန်း။ သူငယ်ချင်းတွေ နေကောင်းကြပါစေ။

ဝေဇယန္တာ
ရေး ပြင်စည်မင်းသား

ဝေဇယန္တာ နန်းဘုံ
မြမန်းလေး ဇေရဂုံ
ယမုံငယ်လေ သောင်ငွေကျွန်း
မြောင်ဖီလာ သီတာဝန်းရံခွေ
ရွှန်းရွှန်းဝေ အို ရွှန်းရွှန်းဝေ

မြန်သပြေဘောင် ညာကျွန်း
ပျံ့မွှန်းလေး မင်္ဂလာ
ဇေယျာငယ် သြဘာကြွေး
ပဉ္စင်တံမြွှာ သံဝါကျူးရင့်အေး
သင်းသင်းမွှေး အို သင်းသင်းမွှေး

ဗြဟ္မာငယ်လေးကြူး
တိမ်ယံဗွေ လေပြေမြူး
ဗြဟ္မာငယ်လေးကြူး
တိမ်ယံဗွေ လေပြေမြူး
အာကာဘောင်
မြူမှောင် ချီချီ
တိမ်ရီမှုန်ဝေဆိုင်း
အာကာဘောင်
မြူမှောင် ချီချီ
တိမ်ရီမှုန်ဝေဆိုင်း
မျှော်ရာတိုင်း ရှစ်ခွင်မင်းလွင်
တောင်စဉ် တိမ်စွယ်ကာ
မျှော်ရာတိုင်း ရှစ်ခွင်မင်းလွင်
တောင်စဥ်တိမ်စွယ်ကာ
မာလာသိင်္ဂါ
ထိန်ဖြာ မိလ္လာ
လွမ်းဖွယ်သာ
မာလာသိင်္ဂါ
ထိန်ဖြာ မိလ္လာ
လွမ်းဖွယ်သာ
ညင်းညင်းငြာ
အို ညင်းညင်းငြာ

ကျွန်တော် ဆေးကျောင်းတက်စဉ်က သူငယ်ချင်းတယောက်ဆီကနေ မယ်ဒလင်သင်တယ်။ စုစုပေါင်း သီချင်းကြီး ၂ ပုဒ်တိတိ တီးတတ်ခဲ့တယ်။ ကျွန်တော်တီးတတ်တယ်ဆိုတာ ရွံ့နဲ့ နွားရုပ်လုပ်သလိုသာ။ နွားသံ ထွက်မလာ။

ဝေဇယန္တာ - စန္ဒရား ဦးရည်နွယ် နှင့် စူပါစတား တေးဂီတအဖွဲ့ https://www.youtube.com/watch?v=XCS25Mfgas0

ဒေါက်တာတင့်ဆွေ
၂၅-၁၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး