အဘရောဂါ နှင့် ဘရောဂါ

မေးခွန်းတွေမှာ ဘလို၊ ဘလောက်လို့ရေးနေသူ သိပ်မနည်းလှပါ။ ယောက်ျားတွေရော အမျိုးသမီးတွေကပါ ရေးကြတယ်။

ဘလိုဆိုတာ အဘလို၊ ဘဘလို၊ ဘကြီးလို။ ဘလေးလို၊ ဘဒွေးလို။ ဘလောက်ဆိုတာ အဘလောက်၊ ဘဘလောက်၊ ဘကြီးလောက်၊ ဘလေးလောက်၊ ဘဒွေးလောက်။

မေးခွန်းအမျိုးအစား ၂ မျိုးရှိတယ်။
၁။ ဟုတ် မဟုတ်သာ ဖြေရန်လိုတဲ့ မေးခွန်းအမျိုးအစားနဲ့
၂။ အချက်အလက်ပါ ဖြေရန်လိုတဲ့ မေးခွန်းအမျိုးအစား။

ထမင်းစားပြီးပြီလားလို့ မေးရင် ပြီးပြီ၊ မပြီးသေးဘူးသာ ဖြေရန်လိုတယ်။

ဘာဟင်းနဲ့စားခဲ့လဲ မေးရင်တော့ စားခဲ့တဲ့ဟင်းတွေအမည် ပြောလိမ့်မယ်။ ဆက်မေးနိုင်တာတွေ ရှိတယ်။ ဘယ်အချိန်က စားခဲ့လဲ။ ဘယ်သူ ပါသေးလဲ။ ဘာလို့ ဆိုင်မှာသွားစားတာလဲ။ ဘယ်ဆိုင်မှာလဲ။ ဆိုင်က ဘယ်နေရာမှာ ရှိတာလဲ။ ဘယ်လောက် ကုန်ခဲ့သလဲ။ စောင့်ရတာ ဘယ်လောက်ကြာလဲ။

ဘယ်ဆိုင်၊ ဘယ်ဟင်း၊ ဘယ်နေရာ၊ ဘယ်သူနဲ့၊ ဘယ်လောက်၊ ဘာနဲ့၊ ဘာလို့၊ စတဲ့မေးခွန်းသုံးစကားလုံးတွေကို တည့်မှန်အောင် သုံးရတယ်။

ရောဂါအမည်က ဘာလဲ။ ဘာ့ကြောင့် ဖြစ်သလဲ။ ဘယ်လို ကုသရမလဲ၊ ဘယ်လို ကာကွယ်ရမလဲ။ ဘယ်ဆေးရုံမှာ ကုသရမလဲ၊ ဘယ်လောက် ကုန်မှာလဲ။ ဘယ်လောက် ကြာမှာလဲ။ ဆေး ဘယ်နှစ်မျိုးလဲ။ တနေ့မှာ ဘယ်နှစ်ကြိမ် သောက်ရမှာလဲ။ တခါသောက် ဆေးဘယ်နှစ်ပြားလဲ။

အမျိုးမတော်သူတွေကို မြင်မြင်သမျှ အဘခေါ်ခိုင်းတဲ့ခေတ်ရဲ့ အဆက်ဖြစ်တယ်။ မြန်မာစာမှာပါ အဘရောဂါ ကူးစက်လာတယ်။ အဘရောဂါ ပျောက်ပါစေသတည်း။ အဘခေတ်ကျဆုံးပါစေသတည်း။

ဒေါက်တာတင့်ဆွေ
၃၀-၁၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး