Independence Day Monument လွတ်လပ်ရေးကျောက်တိုင်

လွတ်လပ်ရေးက ကျွန်တော့်ထက် ရှစ်လကြီးတယ်။ တိုင်းပြည်လွတ်လပ်ရေးထက် အသက်ကြီးတာက ပြည်တွင်းစစ်။

ကျွန်တော့်မိဘတွေဟာ ရောင်စုံသူပုန်လို့ ပြောလေ့ရှိတဲ့ခေတ်မှာ တောကနေ မြို့ပြောင်းနေရတယ်။ ကျွန်တော်က ပါလီမန်ဒီမိုကရေစီခေတ်မှာ ကျောင်းသားဖြစ်ပြီ။ တပါတီဆိုရှယ်လစ်ခေတ်မှာ ဆရာဝန်ဖြစ်တယ်။ စစ်အစိုးရခေတ်မှာ နိုင်ငံရေးလုပ်တဲ့သူဖြစ်လာတယ်။ အဲသည်ကတည်းက တိုင်းပြည်တွေ ပြောင်းပြီးနေရတယ်။

ကျွန်တော်လည်း အိုပြီ။ မြန်မာစာသက်တမ်းလည်း ကြီးပြီ။ လွတ်လပ်ရေးလည်း အသက်ရင့်လာပြီ။ ပြည်တွင်းစစ်ကတော့ အိုသေးပုံမရ။

စစ်ကိုင်းကောင်းမှုတော် စေတီကြီးကို လုံးတော်ပြည့်ရွှေချခဲ့တယ်။ လွတ်လပ်ရေးကျောက်တိုင်တော့ တိုင်ထိပ်အထိ ရွှေချမခံလိုက်ရပါ။ မြန်မာစာသတ်ပုံကိုပါ ရွှေချထားတယ်။ အမွေအနှစ်ဆိုတာ မူရင်းအတိုင်းထာတာကာ တန်ဖိုးရှိပါတယ်။

အလှူအတန်း ရက်ရောသူတွေ နေထိုင်တဲ့တိုင်းပြည်မှာ ပြည်တွင်းစစ်ကလည်း ရွှေတွေထူလှပြီ။

ဒေါက်တာတင့်ဆွေ
၂၇-၁၂-၂ဝ၁၈
၂၇-၁၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ