ပလလည်းတော

မေးခွန်းတခုလာတယ်။ ပလလည်းဆင် ပလလည်းတောဆိုတာ သဘောမပေါက် နားမလည်မိပါ တဲ့။

မြတ်စွာဘုရား ဒသမဝါဆိုတော်မူတဲ့နေရာလို့ ဖတ်ရဖူးတယ်။ တခြားစာတွေမှာ မတွေ့သေးပါ။ ဆင်ကလည်း အဲဒီတောက ဆင်လား စဉ်းစားမိတယ်။ မဟုတ်ရင် ဆောရီး။

ဝါတော်ဆိုရာ မြတ်ဗုဒ္ဓါ ဌာနာ ၁၇ သိ။ ဇိနာလင်္ကာရဋီကာနှင့် ဗိုလ်ကလေး ဦးသက်ရှည်ရေး ဝါတော်စဉ် မြေပုံမှ။ (၁) ဗာရာဏသီပြည် မိဂဒါဝုန်တော နန္ဒိယဝိဟာရ၌ ပဌမဝါ၊ (၂) ရာဇဂြိုလ် ဝေဠုဝန်ကျောင်း၌ ဒု၊ တ၊ စ ပေါင်း ၃ ဝါ၊ (၃) ဝေသာလီပြည် မဟာဝုန်ကျောင်း၌ ပဉ္စမဝါ၊ (၄) ရာဇဂြိုလ် မကုဠတောင် ချယားတော၌ ဆဋ္ဌမဝါ၊ (၅) တာဝတိံသာ ပင်လယ်ကသစ်ပင်ရင်း၌ သတ္တမဝါ၊ (၆) ဘဂ္ဂတိုင်း သံသုမာရတောအုပ်၌ အဋ္ဌမဝါ၊ (၇) ကောသမ္ဗီပြည် ဃောသိတာရုံ ကျောင်း၌ နဝမဝါ၊ (၈) ၎င်းပြည် ပလလည်းတော အင်ကြင်းပင်အောက်၌ ဒသမဝါ၊ (၉) ဗြဟ္မဏဂါမ နာလိကာရုံ ကျောင်းတော်၌ ဧကာဒသမာဝါ၊ (၁ဝ) ဝေရဉ္စရာပုဏ္ဏားရွာ တမာပင်ရင်း၌ ဒွါဒသမဝါ၊ (၁၁) ဇာလိယတောင်၌ ၁၃ ဝါမှာ တကြိမ် ၁၈ နှင့် ၁၉ ဝါမှာ တကြိမ် ပေါင်း ၃ဝါ၊ (၁၂) သာဝတ္ထိပြည် ဇေတဝန်ကျောင်း၌ ၁၄ ဝါမှာ တကြိမ် ၂၁ ဝါမှ ၄၄ ဝါထိ တကြိမ်၊ ပေါင်း ၂၅ ဝါ၊ (၁၃) ကပ္ပိလဝတ်ပြည် နိဂြောဓာရုံကျောင်း၌ ပန္နရသမဝါ၊ (၁၄) အာဠဝီပြည် မဟာဝုန်တော၌ သောဠသမဝါ၊ (၁၅) ရာဇဂြိုလ်ပြည်နယ် နလန္ဒရွာ သာရီပုဏ္ဏေးမကြီးကျောင်း၌ သတ္တရသမဝါ၊ (၁၆) ၎င်းနယ် ဂိဇ္ဈကုဋ်တောင်၌ ဝီသတိမဝါ၊ (၁၇) ၄၅ ဝါမြောက်နောက်ဆုံး ဝေဠုဝရွာ၌ ဝါဆိုတော်မူသည်။ (Voice of Sangha - သံဃာ့အသံ)

ပုဂံမှာ ကျန်စစ်သားမင်းကောင်းမှု နဂါးရုံလိုဏ်ဂူဘုရားရှိတယ်။ နံရံတွေမှာ ဗုဒ္ဓဝင်ပန်းချီတွေရှိတယ်။ မယ်တော်မာယာ အိပ်မက်ခန်း၊ မြတ်စွာဘရား ရွှေခွက်မျောခန်း၊ တာဝတိံသာနတ်ပြည်မှ ဆင်းလာခန်း၊ မြတ်စွာဘုရား တရားဟောခန်း၊ ပါလိလေယျက (ပလလည်း) တောမှာ သီတင်းသုံးခန်းနဲ့ ပရိနိဗ္ဗာန်ပြုခန်း စတာတွေပါဝင်တယ်။

ဒေါက်တာတင့်ဆွေ
၂၂-၁၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး