ခြင်္သေ့ နှင့် မတ်စေ့


ဆရာ အဲဒီအကြွေစေ့တွေမှာ ခြင်္သေ့ပုံပါနေတယ် အဲဒီရာဇဝင်လဲ သိချင်ပါတယ်။

ကျွန်တော်တို့ ကိုင်သုံးခဲ့တဲ့ပိုက်ဆံတွေ။ ခြင်္သေ့ပုံက လွတ်လပ်ရေးရကတည်းက နိုင်ငံတော်တံဆိပ်တွေမှာ ပါတယ်။ ကြံခိုင်ရေးက ယူသုံးထားတော့ ခြင်္သေ့ပုံကို တမျိုးမြင်လာကြတာ။ ၁၉၄၈ ကနေ ၁၉၇၄ အထိ နိုင်ငံတော်တံဆိပ်မှာ ခြင်္သေ့ ၃ ကောင်ပါတယ်။ မဆလ ဖွဲ့စည်းပုံအရ ၁၉၇၄ ကနေ ၂၀၀၈ အထိမှာ ခြင်္သေ့ ၂ ကောင်နဲ့ ကြယ်။ အခုတခါလည်း မဆလ အတိုင်း ခြင်္သေ့ ၂ ကောင်နဲ့ ကြယ်ပါတယ်။

ဟိမဝန္တတာ ခြင်္သေ့လေးမျိုး
၁။ ကဏ္ဍဍုခြင်္သေ့
၂။ တိဏခြင်္သေ့
၃။ ကာဠခြင်္သေ့
၎။ ကေသရခြင်္သေ့

ခြင်္သေ့ကို ပါဠိလို သီဟဖြစ်တယ်။ ၁၂ ရာသီခွင်မှာ Leo: The Lion (July 23-Aug 22) ခြင်္သေ့ (သိဟ်ရာသီ) ဖြစ်ပါတယ်။

မူလနိုင်ငံတော်တံဆိပ်မှာ ပြည်ထောင်စုသမတ မြန်မာနိုင်ငံတော်လို့ပါပြီး မြန်မာပြည်မြေပုံကို ဝန်းရံထားတဲ့ စက်သွားပေါ်မှာ သမဂ္ဂါနံ တပေါ သုခေါ (ဓမ္မပဒ အပိုဒ်ရေ ၁၉၄) စာသားပါရှိတယ်။

သမတကို မ ၂ ဆုံးဆင့်တာ ဦးနေဝင်းခေတ်က စတယ်။ အခုလည်း သမ္မတ။

ဒေါက်တာတင့်ဆွေ
၂၂-၁၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး