တဖြောင့်တည်းဆောက်လုပ်ထားသောလမ်း
ဓမ္မရံကြီးဘုရားကျောက်စာမှာ မျဉ်းတဖြောင့်တန်းလို့ ရေးထားတယ်။ မြန်မာစာ မျဉ်းတဖြောင့်တန်းတည်း မသွားပါတကား လို့ တင်ထားတာရဲ့ အောက်မှာ မေးတာ။
ဒါဆို ကျောက်စာက မူရင်းမဟုတ်ဘူးလားဆရာ တဲ့။
မျဉ်းတဖြောင့်တန်းလို့ ရေးထားတာက အမှန်။ မျဉ်းတစ်ဖြောင့်တန်းလို့ ရေးထားတာက နရသူသတ်ပုံ။
အဲလိုပဲ သတ်ပုံမှန်စာတွေကို ပုံနဲ့တကွတင်ပြတဲ့အခါ ပုံထဲကသတ်ပုံမှားနေတယ်လို့ပြောလာသူ ဆယ်ယောက်မကရှိပြီ။
ပြလမ်း = မန္တလေးနေပြည်တော်၌ ပြအိုးကိုဦးတိုက်၍ တဖြောင့်တည်းဆောက်လုပ်ထားသောလမ်း။
အဲတာလည်း မှားတယ်လို့ ပြောချင်သူတွေက ပြောကြမယ်။ သတ်ပုံမှန်စာ မသင်ခဲ့ မဖတ်ရသူတွေက အမှန်အတိုင်း ရေးတာမှန်သမျှ အမှားလို့ထင်ကြတယ်။ တစ်ဖြောင့်တည်းလို့ ရေးမှသာ ပေတံလို့ ထင်ကြတယ်။
လမ်းဖြောင့်မရှိတဲ့ အရပ်မှာနေရသူတွေက မန္တလေးကလမ်းတွေကို မှားဖေါက်ထားတယ်လို့ ထင်ကြတယ်။
လမ်းဖြောင့်မှာ လျှောက်နိုင်ကြပါစေသတည်း။
ဒေါက်တာတင့်ဆွေ
၂၆-၁၂-၂၀၁၉

Comments
Post a Comment