အက်ႌ ၃ ထည်

ကျွန်တော့်ဆိုင်၌
ပင်တိုင်ဖောက်သည်၊ ချုပ်ဖူးသည်ကား
အင်္ကျီ ၃ ထည် ရှိပါပြီ။

ထိုဖောက်သည်မှာ
နွေခါဝတ်ရန်၊ နေပူခံသည့်
ဖန်ပြာလှပ်လှပ်၊ စပို့ရှပ် တထည်။

မိုးခါလိုက်လျော၊ မိုးတောထဲမှာ
မိုးမရွာသည့်၊ မိုးကာအင်္ကျီ တထည်။

ဆောင်းခါ နှင်းလုံ၊ အနွေးလှုံဖို့
ဝတ်ရုံအင်္ကျီ၊ လောင်းကုတ်ရှည်တထည်။

ရာသီ လဲလျှင်
ထည်လဲ အင်္ကျီ၊ သူဝတ်သည်။

တခေတ် တခါ၊ အသစ်လာ၍
တရာသီလောင်း၊ တကွေ့ပြောင်းတိုင်း
အကြောင်းကောင်းရှာ၊ ပြောင်းစရာတွက်
သူ့မှာ အင်္ကျီရှိပါသည်။

သို့သော်
အင်္ကျီချုပ်တိုင်း၊ သူ့ကိုယ်တိုင်းကား
ပုံတိုင်းနေကျ၊ ဟို ရှေးကလို
ပွမြဲ ဖားမြဲ၊ မပြောင်းလဲသည်
ဝဆဲ ထွားဆဲ ပါပေတကား။

တင်မိုး
၁၁-၂-၁၉၇၁
နှင်းဆီပွင့်ပေါ် အိပ်ပျော်ခြင်း ကဗျာစာအုပ်မှ

ခုခေတ်ကဗျာဆရာများကား တရာသီလောင်း တကွေ့ပြောင်းတိုင်း သတ်ပုံပြောင်းကြပေသည်တကား။

ဒေါက်တာတင့်ဆွေ
၁၆-၁၂-၂၀၁၉

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး