Myanmarese အဖြေ နွားကျောင်းသား

စနိုးထဲမှာ ဝတ်စုံပြည့်နဲ့ ကျောင်းသွားရမယ်ပို့စ် အောက်မှာ မေးတယ်။ School or Monastery စာသင်ကျောင်းလား ဘုန်းကြီးကျောင်းလား တဲ့။
မေးလည်း မေးစရာ။ ကျွန်တော်က စာရေးတာ တခါတခါ တိကျတာမဟုတ်။ ဆောရီး။ စာသင်ကျောင်းသွားတာ။ ဘားမီးစ် ထရန်စလေတာ။ မြန်မာရီးစ် မဟုတ်၊ မြန်မာ မဟုတ်လို့ ဖြေလိုက်တယ်။ မြန်မာစာဘာသာပြန်တဲ့။

မြန်မာဆိုတဲ့စာလုံးကို လူမျိုး၊ စကားနဲ့ တိုင်းပြည် အားလုံးကို တလုံးတည်း မြန်မာလိုရော အင်္ဂလိပ်လိုပါ ရောချထားတယ်။ အစိုးရထုတ် အဘိဓာန်မှာ။

တိုင်းပြည်စာလုံးကနေ လူမျိုးစာလုံးပြောင်းတဲ့အခါ အင်္ဂလိပ်စာရေးထုံးရှိတယ်။ အဆုံးမှာ အာရ် နဲ့ ဆုံးပြီး၊ သူ့ရှေ့မှာ ဗာဝယ်လ်ခေါ် အေ အီး အိုင် အို ယူ ပါရင်၊ အာရီးစ် လို့ ပြောင်းရတယ်။ ကမ္ဘာမှာ အဲလိုပါတာ မြန်မာ နဲ့ အရှေ့တီမော သာ ရှိတယ်။ မြန်မာရီးစ် က ရေးထုံးနဲ့ညီတယ်။

ဒါပေမဲ့ တကယ့်အင်္ဂလိပ်နဲ့ တကယ့်အမေရိကန်တွေက မရေးပါ။ အိန္ဒိယနဲ့ အင်ဒိုနီးရှား အင်္ဂလိပ်သတင်းစာတွေက Myanmarese လို့ ရေးပါတယ်။

ယူအက်စ်အေမှာ ဘာမား နဲ့ ဘားမီးစ် လို့ ဆက်သုံးနေတာတွေက များသေးတယ်။

ကျွန်တော်တို့တိုင်းပြည်ဟာ ဟိုလို သည်လိုလိုဖြစ်နေတယ်။ အဲလိုဘဝကို ကျေနပ်နေသူက အလွန်များတယ်။

မေးတာကို တိတိကျကျဖြေပါ့မယ်။ ဘုန်းကြီးကျောင်း မဟုတ်။ စာသင်ကျောင်း။ နွားကျောင်းသွားတာ မဟုတ်။

ကျွန်တော်ရေးတာ အကုန်မှန်ချင်မှ မှန်တယ်။ ကျွန်တော်က အင်္ဂလိပ်စာနဲ့ မြန်မာစာမှာ နွားကျောင်းသား။

ဒေါက်တာတင့်ဆွေ
၁၇-၁၂-၂၀၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Menoral ဟော်မုန်းဆေးတမျိုး