ချို့ယွင်း ချွတ်ယွင်း
ဆရာ ချို့ယွင်းချက်၊ ချွတ်ယွင်းချက် ဘယ်ဟာက မှန်ပါသလဲ။နှစ်ချိုးလုံးသုံးတယ်။ ဒါပေမဲ့ အတိအကျကောက်ရင် မတူပါ။ ချို့ယွင်းချက်၊ ချွတ်ယွင်းနေသော။
ချို့
ချို့ယွင်းချက်
ချို့ငဲ့
ချို့တဲ့ ဆင်းရဲ
ချို့ယွင်း (ချို့တဲ့မှားယွင်း)
အချို့ချန်ထားခဲ့သည်
အချို့တဝက်
အင်္ဂါချို့ယွင်း
နှစ်ချို့ဟောင်းနွမ်း
နှပ်ချို့ပင်
ချွတ်
ကျွတ်အောင်ချွတ်
ကယ်ချွတ်
ချွတ်ချွတ် မြည်သံ
ချွတ်စွပ်တူ
ချွတ်နင်း သွားသည်
ချွတ်ခြုံကျ ဆင်းရဲသော
ချွတ်ယွင်းနေသော
ချွတ်လွဲ မှားယွင်း
ချွတ်လား
ချွတ်ချော်
ချွတ်ခနဲမြည်သည်
ချွတ်လွဲတော်မူသည်
ဆွဲချွတ်
တိုက်ချွတ်ဆေးကြော
မချွတ်ဧကန်
မဥမချွတ် (မဦးမချွတ်)
အဝတ်ချွတ်
အရေးအချွတ်
ဦးထုတ်ချွတ်
ချေးချွတ်
ကြေးချွတ်ဆေး
ဒေါက်တာတင့်ဆွေ
၁၉-၁၂-၂၀၁၉

Comments
Post a Comment