Sunlight and Vitamin D နေရာင်နှင့် ဗီတာမင်ဒီ

Mirror ကနေအလင်းပြန်လာတဲ့ Sunlight B မှာ vitamin D ပါလား သိချင်ပါတယ်။

နေရောင်ကနေ ဗီတာမင်ဒီ ရစေတယ်ဆိုတာ တကယ်တော့ ကိုယ်ခန္ဓာက နေရောင်ကိုသုံးပြီး ဗီတာမင်ဒီအဖြစ် ပြုလုပ်ပေးတာဖြစ်ပါတယ်။ အလင်းရောင်ရတဲ့ အိမ်ခန်းထဲ ကားထဲ ထိုင်နေလို့တော့ ဗီတာမင်ဒီ မရစေနိုင်ပါ။

နေရောင်ထဲမှာပါတဲ့ UV ခေါ် ခရမ်းလွန်ရောင်ခြည် လုံလောက်အောင်ရမှာသာ ဖြစ်နိုင်တယ်။ အဲလိုဖြစ်အောင် အသဲနဲ့ ကျောက်ကပ်တွေက ကယ်လ်စီယမ်ဓါတ်ဆားကို အသုံးပြုပြီး လုပ်ပေးတာ။

နေရောင်ထဲမှာ Ultraviolet A (UVA) ခေါ် အေအမျိုးအစားနဲ့ Ultraviolet B (UVB) ဘီအမျိုးအစားလို့ ၂ မျိုးပါတယ်။ အေအမျိုးအစားက အရေပြားလွှာထဲကို အထဲနက်အောင်ဝင်ရောက်ပြီး အသက်ဖြစ်သင့်တာထက်ပိုရင့်သလိုဖြစ်စေတယ်။ ဘီအမျိုးအစားက နေလောင်တာဖြစ်စေတယ်။ ဒါပေမဲ့ ဘီအမျိုးအစားကသာ ဗီတာမင်ဒီအဖြစ်ပြောင်းစေနိုင်တယ်။

အိမ်ထဲ ကားထဲ ရုံးထဲ ကျောင်းထဲနေတာနဲ့ UVB လုံလောက်အောင် မရနိုင်။ တချို့မှန်တွေက UVB rays ကို မဝင်စေအောင် လုပ်ထားသေးတယ်။ အဲတော့ UVA radiation ပိုရစေတာ မကောင်းပါ။

ဗီတာမင်ဒီလိုအပ်သူတွေ အစားအသောက်ကနေရစေရမယ်။ အစဉ်အလာသုံးငါးကြီးဆီကနေရမယ်။ နွားနို့၊ ငါးနဲ့ ကြက်ဥအဝါပိုင်း တွေကနေ ရမယ်။

Vitamin D ဗီတာမင် (ဒီ) http://doctortintswe.blogspot.com/2014/11/vitamin-d.html
Vitamin D ဗီတာမင်ဒီ အကြောင်း https://doctortintswe.blogspot.com/2019/01/vitamin-d.html
Vitamin D ဗီတာမင်ဒီ မေးခွန်း https://doctortintswe.blogspot.com/2018/09/vitamin-d.html
Vitamin D and Flu ဗီတာမင်ဒီ နဲ့ တုပ်ကွေး https://doctortintswe.blogspot.com/2017/07/vitamin-d-and-flu.html
D3 and Super K နာမည်ကြီးနေတဲ့ဆေးတဲ့ https://doctortintswe.blogspot.com/2018/10/d3-and-super-k.html

လူတယောက်ဟာ တိုက်ရိုက်နေရောင်နဲ့ တနေ့မှာ ၁၀ မိနစ်ထိတွေ့ရတာနဲ့ တနေ့တာဗီတာမင်ဒီ လုံလောက်အောင် ရတယ်။ အေးတဲ့အရပ်မှာ နေထိုင်ရသူတွေက နေရောင်နဲ့ထိတွေ့ဘို့ အချိန်ပိုလိုကြတယ်။ အားတော့နာတယ် နာမည်ကြီးဆိုတိုင်း သြသဓဆေးလို့တော့ မထင်ပါနဲ့။

ဒေါက်တာတင့်ဆွေ
၂၇-၁၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး