Pot Of Gold ပညာရွှေအိုး
အိုးရွဲ့ကို စလောင်းရွဲ့နဲ့သာ ဖုံးရတယ်
ဆရာခင်ဗျား ပါမောက္ခ ဒေါက်တာ တို့နောက်မှာ ဦး ဒေါ် တပ်သင့်ပါသလားခင်ဗျာ ဆရာဝန်တွေမှာ ပါမောက္ခ ဒေါက်တာ ဦး ဒေါ် တပ်သင့်ပါသလားခင်ဗျာ ကျေးဇူးတင်ပါတယ်။
ဒေါက်တာနောက်က ဦး ဒေါ် တပ်ကြတယ်။ ကျွန်တော့်အမြင် မသင့်ပါ။ သူများတိုင်းပြည်တွေမှာ ဒေါက်တာနဲ့ မစ္စတာ မဒမ် မစ္စစ် မစ် တွဲမခေါ်ကြပါ။
Dryesmyintlwin Lwin We darn't call Without U n Daw for Daw Myint Myint Khin, U Htun Thin, U Tin Aung Swe, U Aung Nyunt, U Bo Ni, U Soe Myint, and Daw Kyu Kyu Swe.
ကွန်မင့်ရေးသူကလည်း ဆရာဝန်။ ကျေးဇူး။ ကျွန်တော်တို့ဆေးကျောင်းသားဘဝမှာ ဒေါက်တာဒေါ်မြင်မြင်ခင်၊ ပရော်ဖက်ဆာဦးအောင်ညွန့် စသည် ခေါ်ပါတယ်။
ကျွန်တော်တင်တဲ့ပို့စ်က အခေါ်အဝေါ်သဘောကို တင်ပြတာဖြစ်တယ်။
စကားပြောရာ စာရေးရာမှာ နားထောင်တဲ့ ဖတ်တဲ့ပရိသတ်လည်း ကြည့်ရတယ်။ သူ့အရပ်နဲ့ သူ့ဇာတ်။
ကနေ့ပြည်တွင်းမှာ ဗီနိုင်းလို့ခေါ်တာရဲ့ အသံထွက်အမှန် ဗိုင်းနဲလ်လို့ ပြောရင် အလုပ်ဖြစ်မှာ မဟုတ်ပါ။
ဘိုသံထွက်ပြော ဘိုလိုအမှန်ရေးရင် လူရယ်ခံရမယ်။
စာသင်ကျောင်းတွေ ရုံးတွေ ဘဏ်တွေမှာ ပေါ်လစီအရ ပလီပြီးပြင်ခိုင်းထားတဲ့ တစသတ်နဲ့မရေးရင် အမှတ်မရ အလုပ်မဖြစ် ထုတ်ဝေခွင့်မရ ဖြစ်မယ်။ အိုးရွဲ့ကို စလောင်းရွဲ့နဲ့သာ ဖုံးရတယ်။
ကျေးဇူးပါဆရာ ပညာရပါတယ်ခင်ဗျာ။ အိုးရွဲ့ကို စလောင်းရွဲ့နဲ့ဖုံးရတာကို မှတ်သားမိပါတယ်။ ဒါပေမယ့် အမှားကြာ အမှန်ဖြစ်မှာကို စိုးရိမ် မိပါတယ်ခင်ဗျာ။
ကျွန်တော်တို့ ပညာအိုးကြီး ရွဲ့နေတာ ကြာပြီ။ ပညာရွှေအိုး လူခိုးခံရလို့။
ဆိုစကားမှာ အများညီ ဤ ကျွဲဖတ်တဲ့။ အခုခေတ်မှာ အဲလိုမဟုတ်တော့ပါ။ အများမည်း ကျွဲ ဤဖတ်။
ဒေါက်တာတင့်ဆွေ
၁၉-၁၂-၂၀၁၉

Comments
Post a Comment