တရုပ်ယပ်နှင့် ဖျတ်ဖျတ်လူးအောင်
ထိုမှတပါး သူ၏အိုင်ချင်းနောက်ပိုင်းတွင် မယ်တဖျပ်ဖျပ်၊ တရုပ်ယပ်နှင့်၊ ဖျတ်ဖျတ်လူးအောင်၊ သေမင်းငယ်ခြင်၊ စုံလျှင်လျှင်ကို၊ မနှင်ပါရဟူ၍ ပါရှိသဖြင့် တရုပ်ယပ်တောင်နီနီကို သုံးစွဲနေသောခေတ်တွင် ဤအိုင်ချင်းကို ရေးသားကြောင်း ထင်ရှားလေသည်။ ထိုအချိန်က မန္တလေးမြို့တွင် တရုပ်ကုန်မျိုးစုံရောင်းသော ဆိုင်ကြီးများ၌ ဗျပ်စောင်းတလုံးဝယ်လျှင် တရုပ်ယပ်တောင်နီနီတချောင်း အဆစ်တောင်း၍ရနိုင်သည်ကို သိရသည်။ ထိုခေတ်က တောင်သူလယ်သမား ကာလသားတို့မှာ လူငယ်ဘာဝ ညနေအခါ အားလပ်ချိန်များတွင် တရုပ်ဗျပ်စောင်းကို ရွာရိုးလျှောက်၍ တီးလေ့ရှိကြသည်။ ညနေစောင်းလာသောအခါ ကြက်သမားဝါသနာအိုးများကို တွေ့နိုင်ကြလေသည်။
ဒဂုန်နတ်ရှင်ရေးသားတဲ့ စာပေဝတ်ဆံစာအုပ် စာမျက်နှာ (၁၂) အတိုင်း ကူးရေးတာဖြစ်ပါတယ်။ ထိုမှတစ်ပါး မဟုတ်။ မယ်တစ်ဖျပ်ဖျပ် မဟုတ်။ တရုတ်ကုန်မျိုးစုံရောင်းသော မဟုတ်။ ဗျပ်စောင်းတစ်လုံးဝယ်လျှင် မဟုတ်။ ယပ်တောင်နီနီ တစ်ချောင်း မဟုတ်။ ခုခေတ်မှာ တရုတ်လို့ရေးမှ ပေါက်ဖေါ်လို့ထင်ကြတယ်။ တချို့လည်း တစ်ရုတ်တဲ့။
မြန်မာစာ ဖျတ်ဖျက်လူးနေပါတကား။
ဒေါက်တာတင့်ဆွေ
၁၆-၁၂-၂ဝ၁၇
၁၆-၁၂-၂ဝ၁၉

Comments
Post a Comment