Insect bite အင်းဆက်ကိုက်ခြင်း


၁။ မ၊ ၁၈ နှစ် ရာသီမှန်၊ အပျို မနေ့က ပင့်ကူ တကောင်ကိုက်သွားပါတယ်ရှင့် ပင့်ကူ အမျိုးအစား မသိပါရှင့် လက်ချောင်း ယောင်တာမှလွဲ၍ တခြားလက္ခဏာများမရှိပါဘူးရှင့် အရက်ပြန်လိမ်း၊ ရေခဲကပ်ပါတယ်ရှင့် မနေ့ညက အယောင် (ရောင်) ကျသွားပြီး ယားလို့ ကုတ်လိုက်သဖြင့် ပြန်ယောင် (ရောင်) လာပါတယ်ရှင့် အထူးကု (သို့မဟုတ်) ဘယ်ဆရာဝန်နဲ့ ပြသင့်သလဲ သိချင်ပါတယ်ဆရာ

၂။ ရန်ကုန်မှာနေတဲ့ သမီးဆီပို့မလို့ ကနေ့ သွားဝယ်ခဲ့တဲ့ အင်ဆက်တီဆိုက် ခေါ် ခြင်စတဲ့ အင်းဆက်ကောင်လေးတွေ အကိုက်မခံရအောင်လိမ်းရ ဖျန်းထားရတဲ့ဆေး။ ဒီမှာ အဲတာကိုဆေးတွေနဲ့အတူမရောင်းပါ။ ဥယျာဉ်နဲ့ဆိုင်တာတွေသာ ရောင်းတဲ့နေရာမှာ လိုက်ရှာရတယ်။ သစ်ပင်ပန်းပင်တွေ စိုက်ပျိုးပြုပြင်တဲ့အခါ အင်းဆိုက် မကိုက်အောင်သုံးကြတာ။ နောက်ပုံတခုက အကိုက်ခံရရင် လိမ်းရတဲ့ဆေး။

• အင်းဆက် ခေါ် အဆိပ်ပါတဲ့အကောင်ကိုက်ခြင်းဟာ သာမန်အားဖြင့် မဆိုးပါ။
• နာမယ်၊ ယားမယ်။ နီမြန်းမယ်။ ရောင်မယ်။ ထုံမယ်။ ပူလောင်မယ်။ ကျင်မယ်။
• ဆိုးလျှင် အသက်ရှူခက်မယ်။ အားယုတ်မယ်။
• အဆိုးဆုံးက (ရှော့ခ်) ရတတ်တယ်။
• ဖြစ်နိုင်လျှင် အဆိပ်ပါသည့် အစွယ်ကို နှုတ်ပါ။
• နေရာကို ဆပ်ပြာရေဖြင့် ဆေးပါ။
• ရေခဲတင်ပေးပါ။
• Anti-itch ဆေးလိမ်းပါ။ သို့မဟုတ်
• Cortisone 1% cream ဆေးလိမ်းပါ။ သို့မဟုတ်
• Calamine lotion ကာလမင်းဆေးရည် လိမ်းပေးပါ။
• လိုအပ်လျှင် Antihistamine (Cetrizine) အင်တီဟစ်တမင်း စားဆေးပေးပါ။
• လူနာကို နှစ်သိမ့်ပေးပါ။
• အသက်ရှူမှု စစ်ဆေးပါ။
• အဝတ်အစားများ တင်းကြပ်မနေစေရာ။
• လိုအပ်လျှင် CPR စီ၊ ပီ၊ အာရ် လုပ်ပါ။
• Shock ရှော့ခ် ဖြစ်လျှင်ကုပါ။

ဒေါက်တာတင့်ဆွေ
၂၂-၄-၂၀၁၉
၁-၆-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး