မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း မွမ်းမံခြင်း

မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း မွမ်းမံခြင်းကို ၁၉၈၃ ခုနှစ် ဧပြီလနှင့် မေလမှာ မြန်မာစာအဖွဲ့က ဆောင်ရွက်ခဲ့တယ်။ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း စိစစ်မွမ်းမံခြင်းအတွက် အခြေခံအချက်ကြီး (၄) ရပ်ချမှတ်ခဲ့တယ်လို့ ဖေါ်ပြထားတယ်။
(က) အစဉ်အလာအရထိန်းသိမ်းထိုက်ခြင်း
(ခ) ကျမ်းအကိုးအထောက် ခိုင်လုံခြင်း
(ဂ) ကြောင်းကျိုးဆက်နွှယ်၍ အနက်အဓိပ္ပာယ် ထင်ရှားခြင်း
(ဃ) အသုံးတွင်ကျယ်ခြင်းတို့ ဖြစ်ပါသည်လို့ပါရှိတယ်။

တစ်အရေး တအရေး ခွဲခြားသတ်မှတ်ခြင်းကိုလည်း အပိုဒ် (၁၅)၊ (၁၆)၊ (၁၇) နဲ့ (၁၈) တို့မှာ ရှင်းလင်းထားတယ်။

ကျွန်တော် စာဖတ်သက် များလှပြီ။ ဖဆပလအစိုးရ၊ တော်လှန်ရေးကောင်စီအစိုးရ၊ မဆလ အစိုးရ၊ နဝတ-နအဖ စစ်အစိုးရနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရတက်တဲ့ အစိုးရနှစ်ရပ်ကို ဖြတ်သန်းခဲ့ပါတယ်။

တသတ်ပုံတွေကို တစ်လို့ပြောင်းလဲခြင်းဟာ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း စိစစ်မွမ်းမံခြင်းအတွက် အခြေခံအချက်ကြီး (၄) ရပ်ထဲက (က) အစဉ်အလာအရထိန်းသိမ်းထိုက်ခြင်းနဲ့ ကိုက်ညီခြင်းမရှိလို့ အလေးအနက် အခိုင်အမာ ယူဆပါတယ်။ ကန်တော့။ အကိုးအကား အထောက်အထားပေါင်း တထောင်လောက်ကို တင်ပြထားပြီးဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၉-၆-၂၀၂၀

မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း
ဒုတ်ယအကြိမ်နှိပ်ခြင်း ၂၀၀၃ ခုနှစ် ဇွန်လ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး