ဦးဘိုးစိန် နှင့် ဦးဖိုးစိန်
ဦးဖိုးစိန် သည် ဦးဘိုးစိန် မဟုတ် လို့ ညတုန်းကရေးတင်ခဲ့တယ်။ ကွန်မင့်ကနေ ဦးဘိုးစိန်ကောင်းမှု ကျောက်ပြားပုံ ပို့ပေးတယ်။ ကျေးဇူး။
အဲတာနဲ့ မနက်အိပ်ရာထမှာ မြန်မာ့စွယ်စုံကျမ်းထဲ ရှာကြည့်ပါတယ်။
ဖိုးစိန်၊ ဦး (ဦးဖိုးစိန်) က မြန်မာ့စာပေလောကတွင် ထင်ရှားခဲ့သူတဦး။
ဘိုးစိန်၊ ဦး (ဦးဘိုးစိန်) သည် မြန်မာ့သဘင်လောကတွင် ထင်ရှားခဲ့သူ။

ဦးဖိုးကျား၊ အမျိုးသားပညာရေးလောကတွင် ထင်ရှားခဲ့သူ။
ဦးဘိုးလှိုင် (ယောအတွင်းဝန်)။
အဲလိုအလွဲတွေ မကြာခဏတွေ့ရတယ်။ ဘယ်ဟာမှန်သလဲ။ ကျွန်တော်ကတော့ မြန်မာ့စွယ်စုံကျမ်းကို အထောက်အထား ပြုပါတယ်။
ဒေါက်တာတင့်ဆွေ
၁၆-၆-၂၀၂၀

Comments
Post a Comment