ဝါးကုလားထိုင်
ထန်းလက်မိုးအောက်က ဝါးစားပွဲပေါ်မှာ ရေနွေးကြမ်းအိုးနဲ့။ သစ်ပင်ကြီးအရိပ်အောက်မှာ ဝါးကွပ်ပြစ်နဲ့။ တောသဘာဝနဲ့ မြန်မာ့သဘာဝ။ ကျွန်တော်တို့ အဲလို ဆင်းတောင့်ဆင်းရဲ၊ ဖြစ်သလိုနေခဲ့ထိုင်ခဲ့၊ စားခဲ့သောက်ခဲ့ကြတဲ့ ဆယ်စုနှစ်တွေ များလှပြီ။
ကနေ့ အဲလိုအခင်းအကျင်းမှာ ဘာစကားတွေ ပြောသင့်တဲ့ကာလ ဖြစ်သင့်ကြပါပြီလဲ။
ပိုမိုကောင်းမွန်နဲ့ လူနေမှုဘဝ၊ ပိုမိုကောင်းမွန်တဲ့ အတတ်ပညာသင်ယူသင်ကြားရေးနဲ့ ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေး အဆင့်တွေကို ရောက်နိုင်ရေး စကားတွေကို ရေနွေးကြမ်းနဲ့ မြည်းသင့်ကြပြီ။
ဝါးကုလားထိုင်ပေါ်ထိုင်ပြီး ရေနွေးကြမ်းသောက်သူတွေနဲ့ စကားတွေ ပြောချင်စမ်းပါဘိ။ ရှေးကအကြောင်းတွေ မဟုတ်။ နက်ဖြန်အရေး၊ သန်ဘက်ခါအရေး။ ညစာအရေး၊ ကလေးတွေ တသက်စာအရေး။
ဒေါက်တာတင့်ဆွေ
၁၄-၆-၂၀၂၀

Comments
Post a Comment