Geography ပထဝီ

ဆရာရဲ့ B.A (History) ဆိုတဲ့ဘွဲ့အကြောင်းရေးထားတာဖတ်လိုက်ရပါတယ်။ သမိုင်းကိုတော့ မအ အောင် သင်တယ် ပြောတယ်။ ပထဝီဝင်ကိုရော ဘာအတွက်သင်ရပါသလဲခင်ဗျ။ ကိုယ့်မြေ ကိုယ့်ရေကိုချစ်တတ်အောင် နိုင်ငံကို ချစ်တတ်အောင်သင်တယ်လို့တော့တခါဖတ်ဖူးပါတယ်။ ပထဝီဝင်က နိုင်ငံခြားပညာရှင်တွေကနေစပေါ်လာတယ် ဖတ်ဖူးတယ်။ မြန်မာမှာရော ဟိုးအရင်တုန်းက (ရှေးတုန်းက) မြန်မာ့ပထဝီဝင်ပညာတို့၊ ပညာရှင်တို့ မရှိဘူးလားခင်ဗျ။ ပထဝီဝင်ကို နိုင်ငံခြားမှာရော ဝိဇ္ဇာဘွဲ့ပေးတာပဲလားခင်ဗျ။ ဘူမိဗေဒက ပဲ အသုံးတွင်ကျယ်တာ တွေ့နေရပြီး ပထဝီဝင်က ဘယ်နေရာမှာ သုံးရလဲကိုမသိတော့ဘူး။ မိုးလေဝသမေဂျာကလည်းသပ်သပ်၊ ပတ်ဝန်းကျင်သိပ္ပံ B.Sc (environmental) မေဂျာကလည်း သပ်သပ်နဲ့ဆိုတော့ ဘယ်မှာသုံးမှန်းကို မသိတော့ဘူး။ မြေစာရင်းရုံးအလုပ်ခေါ်စာမှာလည်း စီးပွားရေးဘွဲ့ရ၊ စာရင်းအင်းဗေဒ ဘွဲ့၊ ဘူမိဗေဒဘွဲ့ရတွေနဲ့အခြားပဲ အတွေ့များနေလို့ပါ။ B.Sc (Environmental  Science) B.Sc (Geology) B.Sc (Hydrology) B.Sc (Meteorology) ဆိုပြီးပေးပါတယ်။ ပထဝီဝင်ကတော့ scientific calculator ကြီးလည်းကိုင်ရ၊ practical လည်းလုပ်ရ၊ field ဆင်းရတဲ့ မေဂျာတခုက မဆင်းလို့မရဘူး Day နေ့သင်တန်း final မှာ အဝေးသင်မှာတော့ ဝိဇ္ဇာတွဲထဲမှာဖြစ်ပေမယ့် practical ရေးပြီးတင်ရသေးတယ်။ ပေးတော့ ဝိဇ္ဇာဘွဲ့ Dayရော Distance ရော B.A (Geography) ပဲပေးတယ်။

ကျွန်တော်တို့နိုင်ငံမှာ ပညာရေးကတော့ ပြောမဆုံးပေါင်အဆင့်က အကျော်နိုင်သေးပါ။ ၁၉၆၂ ကနေစတယ်လို့ပြောရင် နိုင်ငံရေးလို့ထင်ကြမယ်။ ပညာရေးစစ်စစ်ပြောတာပါ။ ဝိဇ္ဇာ-သိပ္ပံ၊ မေဂျာ ခေါ် အဓိကစနစ်၊ အင်္ဂလိပ်စာ ဘယ်အတန်းက စသင်မလဲ စတာတွေမှာ ဆွေးနွေးသင့်တာတွေရှိတယ်။ တကယ်တော့ ဝိဇ္ဇာဖြစ်ဖြစ် သိပ္ပံဖြစ်ဖြစ် ဘက်ခ်ျလာအဆင့်တူသာ ဖြစ်ပါတယ်။

Geography ပထဝီဟာ အများအားဖြင့် သိပ္ပံဘာသာရပ်ဖြစ်တယ်။ artistic subject လို့လည်း မခေါ်နိုင်ပါ။ Geography စာလုံးက ဂရိကနေလာတယ်။ ကမ္ဘာမြေကြီး။ မြေပြင်၊ အသွင်သဏ္ဌာန်၊ နေထိုင်သူများ၊ ပြောင်းလဲဖြစ်စဉ်တွေကို လေ့လာတယ်။ လူနဲ့ ရုပ်ကမ္ဘာကြား ပေါင်းကူးတံတားတဲ့။

သူများနိုင်ငံအတော်များများမှာ Social science ဆိုရှယ်သိပ္ပံလို့ သင်ပေးကြတယ်။ လူနဲ့လူ၊ လူနဲ့ သူ့ပတ်ဝန်းကျင်တို့ ဆက်ဆံရေးမှာ မျှတအောင်နေထိုင်နည်းတွေဖြစ်တယ်။ anthropology, economics, political science, psychology and sociology တွေပါတယ်။

ကျွန်တော်က ဆေးပညာအပြင် တခြားဘာသာရပ်တချို့ကိုရေးတယ်။ သူငယ်ချင်းတယောက်က ပထဝီရေးတယ်။ သူလည်း ဆရာဝန်။ နိုင်ငံအတော်များများကို သွားလာတဲ့အခါ ၅ တန်းကနေ ၉ တန်းအထိ သင်ခဲ့ရတဲ့ ပထဝီအသိလေးက အများကြီး အကျိုးပြုပါတယ်။

ကျွန်တော်တို့တိုင်းပြည်မှာ အခေါ်အဝေါ်နဲ့ ဝေါဟာရကနေ ဖိစီးခံနေရတာတွေ ပိုများနေတယ်။ တကယ့်အရှိအမှန်နဲ့ ကင်းကွာစေတယ်။ ပညာရေးနဲ့ တွေးခေါ်စဉ်းစားမှုတွေ အတော်ကိုနောက်ကျနေပြီ။ ဝိုင်းပြီး ပြုပြင်ကြရမယ်။ မြန်မာစာကတော့ အောက်ဆုံးမှာ။

ဒေါက်တာတင့်ဆွေ
၃-၆-၂၀၂၀

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး