Scar (3) အမာရွတ် (၃)

Scar (3) အမာရွတ် (၃)

၁။ ဆရာရှင့် လွန်ခဲ့တဲ့နှစ်ကျော်လောက်က ဆိုင်ကယ်မှောက်တာ မျက်နှာထိသွားပါတယ်ရှင်။ စိတ်လောပြီး အနာသိပ်မကျက်ခင် hiruscar လိမ်းမိပါတယ်ရှင်။ လိမ်းနေစဉ်မှာ ပျောက်ချင်ဇောနဲ့ ကြိတ်မှန်ရွက်လိမ်းမိပါတယ်ရှင့်။ အမာရွတ်ကမဲသွားတယ်ရှင့်။ နောက်ပိုင်းသနပ်ခါးကိုနေ့ပိုင်းလိမ်း ညပိုင်းအမရွတ်ပျောက်ဆေးလိမ်းပါတယ်ရှင်။ ပျောက်နိုင်ပါလား။ သမီးအမာရွတ်အရှင်းကြီး (ပုံပို့လိုက်ပါတယ်ရှင့်) ပျောက်နိုင်ပါလား ဘယ်လိုလုပ်ရမလဲရှင့်။
၂။ ဆရာရေ သမီးအသက်က ၁၈ နှစ်ပါ။ သမီးမှာ ငယ်ငယ်လေးထဲက ခြင်ကိုက်လို့ကုတ်ရာကနေ အနာတွေ ဖြစ်လာပါတယ်။ ခုချိန်ထိလည်း မပျောက်သေးပါဘူး။ ပျောက်သွားလည်းခဏပါပဲ။ ပြီးရင်ပြန်ဖြစ်လာရော။ ခြေထောက်နဲ့ လက်တွေမှာပဲ ဖြစ်တာပါ။ အရေပြား အထူးကုတွေနဲ့လည်းပြပါတယ်။ ဒါပေမယ့်ခဏပဲဆရာ ပြီးရင်ပြန်ပြန်ဖြစ်လာရော ခုခေတ် မိန်းကလေးတွေလို အတိုအပြတ်တွေ ဝတ်ချင်လို့တော့မဟုတ်ပါဘူး လူကြားထဲသွားရင် confidence မရှိဘူးဆရာရယ်။ လမ်းညွန်ပါဦး။ သမီးကခု့ တတ်နေပါတယ်။ ခု အသားဖြူဆေးထိုးလို့ရတယ်ဆိုတဲ့pageတခုမှာ ဆရာပြောပြထားတာတွေ့လို့ အဲ့ဒါကရောဆရာ သမီးထိုးလို့ရလား ဒါမှမဟုတ် အမာရွှတ်ပျောက်အောင် ထိုးလို့ရတာမျိုးရော ရှိလားဟင်။ ကူညီပါဆရာရယ်။ သမီးက့ တိုင်း၊့ မြို့နယ်ကပါ။

ပဌမမေးခွန်းပါလို အရပ်ဆေးနည်းတွေကနေ အမာရွတ်ဆိုးသွားတတ်တာကို စာ (၁) နဲ့ (၂) မှာရေးထားတယ်။ ပလပ်စတစ်ခွဲစိတ်နည်းနဲ့သာ လုပ်ရပါမယ်။ (ပို့စ်မှာသုံးတာက မေးတဲ့သူပို့တာ မဟုတ်ပါ။)

ဒုတိယမေးခွန်းပါ အသားဖြူဆေးကို ဆရာက တားမြစ်တာပါ။ မညွှန်ပါ။ မသင့်ပါ။ အမာရွတ်တိုင်းက ကြာလေလေ ကောင်းလေလေဖြစ်မယ်။ ဒီအရွယ်မှာ ပျောက်တာပိုမြန်တယ်။ အားကောင်းတယ်း ဆေးလိုမျိုး မလိုအပ်တာတွေကို ရှောင်သင့်တယ်။

အိမ်မှာတင် လုပ်နိုင်တဲ့နည်းတွေ
• Vitamin E cream တနေ့ ၂ ကြိမ်၊
• Mederma topical gel ဆိုတာ Onion နဲ့ Allantoin ကနေထုတ်လုပ်တဲ့ဆေးကို တနေ့ ၃-၄ ကြိမ်၊
• Thiosinaminum 5c တနေ့ ၂ ကြိမ်၊ Calendula gel or cream, 10% Mustard-seed oil, Rose hip seed oil and Essential oils of rose နဲ့ Lavender oil တွေကိုလဲ သုံးနိုင်တယ်။

ဆရာဝန်တွေက လုပ်ပေးနိုင်တာတွေ
• Vitamin C အထောက်အကူရနိုင်တယ်။ ဒါပေမဲ့ အမာရွတ်က သေးမသွားပါ။
• Vitamins E and onion extract (Mederma) မထိရောက်ဘူးလို့ ဆိုတယ်။ Vitamin E ကြောင့် ၃၃% အရေပြားရောင်တာ ဖြစ်စေတယ်။
• Chemical Peels နည်းက အမာရွတ်ရဲ့ အပေါ်ဆုံးလွှာ Epidermis ကို ဖယ်ရှားပေးမယ်။ Acne scars ဝက်ခြံ-အမာရွတ်၊ အသားမဖြူသူတွေဖြစ်တာနဲ့ Keloid scars (ကီးလွိုက်) အမာရွတ်တွေအတွက် သုံးတာများတယ်။
• Dermabrasion နည်းကို ဝက်ခြံ-အမာရွတ်မှာသုံးတယ်။
• လေဆာနည်းများ
- Non-ablative lasers လေဆာနည်းကို Hypertrophic scars and Keloids အမာရွတ်က အသီးလို ဖြစ်နေတာအတွက် သုံးတယ်။
- Ablative lasers လေဆာနည်းကို Atrophic and acne scars ဝက်ခြံ-အမာရွတ်၊ ရှုံ့တွနေတာမျိုး အတွက် သုံးတယ်။
• Semiocclusive Ointments & Pressure Dressing
- Silicone scar treatments အမာရွတ်ဖြစ်မလာစေအောင်နဲ့ ဖြစ်ပြီးသားကို ပုံပန်းဆိုးတာ သက်သာစေအောင်သုံးတယ်။ Semiocclusive silicone based ointments တွေကိုသုံးတယ်။
- Pressure dressings နည်းကို Burn and hypertrophic scars မီးလောင်-အမာရွတ် နဲ့ အသီး ဖြစ်နေတာမျိုးအတွက် သုံးတယ်။
• Corticosteroid Injections (ကော်တီကိုစတီရွိုက်) ထိုးဆေးနည်းကို အမာရွတ် ပြော့သွားစေအောင်၊ ပုံပန်း ပြောင်းလာအောင် Keloid or Hypertrophic scars တွေအတွက် သုံးတယ်။ Steroids လိမ်းဆေးနဲ့ မရပါ၊
• Surgery ခွဲစိတ်နည်းကို တချို့နေရာတွေမှာ အသုံးကျတယ်။
- Excision of keloid scars ကို လုပ်ပေးရင် ၄၅% ပြန်ဖြစ်တယ်။
- Burn မီးလောက်-အမာရွတ်အတွက် Skin graft အရေပြား အစားထိုးတာလုပ်နိုင်တယ်။
• Dermal Fillers နည်းကတော့ Atrophic scars အမာရွတ်က အရေပြားအောက်မှာ နိမ့်ကျနေတာမျိုးအတွက် သုံးတယ်။ Juvederm or Restylane နာမည်နဲ့ရောင်းတယ်။ မေးတဲ့သူမှာဖြစ်တာနဲ့ ဆင်နေမလားဘဲ။ ဒါပေမဲ့

Juvéderm ဆိုတာ ထိုးဆေးဖြစ်တယ်။ လူ့ကိုယ်မှာ ရှိနေတဲ့ Hyaluronic acid ဓါတ်ဖြစ်တယ်။ FDA ကနေ ၂ဝဝ၆ မှာ အသိအမှတ်ပြုပေးထားတယ်။ အဓိကသုံးတာက Smile lines ခေါ်တဲ့ ပြုံးရယ်ရတာများလွန်းလို့ဖြစ်ရတဲ့ အရေးအကြောင်း အတွက်ဖြစ်တယ်။ အနေနဲ့ နှုတ်ခမ်းပိုလှစေအောင်နဲ့ အမာရွတ်ကြောင့် ခွက်နေတာမျိုးကို ပြန်ဖြည့်လာစေအောင် အတွက်လဲ သုံးတယ်။ ဆေးကို ၆-၉ လနေရင် ကိုယ်ခန္ခာကနေ စုပ်ယူသွားမယ်။ ထပ်ထိုးရမယ်။ ဆေးထိုးတဲ့နေရာ နီရဲနေမယ်။ နာမယ်။ ဖေါင်းနေမယ်။ ၇ ရက်နေရင် ပျောက်သွားမယ်။ တီဗွီနဲ့ ရုပ်ရှင်မင်းသမီး (လီဆာ ရင်နာ) ပြောတာက သိပ်သုံးတာများရင် မှားမယ်တဲ့။

အလားတူထိုးဆေးတွေက Beloter, Perlane injections and Restylane တွေ ဖြစ်တယ်။ Restylane ထိုးဆေးကလဲ Hyaluronic acid filler မျိုးဖြစ်တယ်။ ပိုလှစေအောင် မျက်နှာကအရေးအကြောင်းတွေ သက်သာစေဘို့ သုံးတယ်။ Sad mouth corners မျက်နှာမဲ့နေသလိုဖြစ်ရတဲ့ အရေးအကြောင်းကို သက်သာစေမယ်။ ၆ လ အထိခံတယ်။

• Scar အမာရွတ် (၁) http://dts-medicaleducation.blogspot.com/2010/10/scar.html
• Scar (2) အမာရွတ် (၂) http://doctortintswe.blogspot.com/2014/11/scar-2_21.html
• Scar (3) အမာရွတ် (၃) http://doctortintswe.blogspot.com/2015/03/scar-2.html
• Keloid အရုပ်ဆိုးတဲ့ အမာရွတ် http://dts-medicaleducation.blogspot.com/2010/10/keloid.html

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး