ကြော့ နှင့် ကျော့

၁။ ဆရာ ကျော့နဲ့ကြော့က ကြော့ကြော့မော့မော့ရယ် တကျော့ပြန်ရယ်ဆိုပြီး အသုံးထပ်ကွဲသွားတာလားဗျ

၂။ မင်္ဂလာပါ ဆရာရှင့်။ ကြော့ နဲ့ ကျော့ ဘယ်နေရာမှာ ဘယ်လိုသုံးလဲ သိချင်လို့ပါရှင့်။ သမီးလေးနာမည် ကျော့ကျော့ ပေးထားတာကို တချို့က ကြော့ကြော့ လို့ရေးနေလို့ အမှန်သိချင်လို့ပါရှင့်။ လေးစားလျက်။

၃။ လည်တိုင်ကြော့ကြော့၊ လည်တိုင်ကျော့ကျော့၊ ဘယ်အသုံးကမှန်ပါသလဲရှင်။

ကျော့
ဆင်ကျော့ဖမ်းသည်၊
ဆန်စသည်ကျော့ယူ

တပတ်ကျော့ လာပြန်ပြီ
တကျော့နှစ်ကျော့ တေးကိုသီ ရုပ်ရှင်
တကျော့နှစ်ကျော့၊
ထပ်ကျော့ ဆိုပါ
ကျော့ကွင်း
ကျော့ကျည်း = ပျင်းရိသည်
ကျော့ချည်
ကျော့ရှင်းသည်

ကြော့
ကိုယ်ဟန်ကြော့
နဂိုကြော့ကြော့ (နကိုယ်)
ကြမ်းကြော့
လည်တိုင်ကြော့ကြော့
လှပကြော့ရှင်း
လူပေါ်ကြော့
ကျော့သွေး = ကြောင်သောအရောင်
ကြော့တင်းစီလျက် = ဘွယ်ရာပျိုမြစ်လျက်
ကြော့ကြမ်း
ကြော့မှူး = ထိပ်ခေါင်
ကြော့ရှင်းလှပ
ကြော့ဆော့ = ငြိမ်သက်ခြင်းမရှိ
ကြော့နေအောင် ဝတ်စားထားသည်
ကြော့ကြော့သွားသည်
ကြော့ကြော့မော့မော့ = ယဉ်ကျေးတင့်တယ်ခြင်း၊ အသရေရှိခြင်း
ကြော့မော့
အောင်မြေကြော့ကြော့
တကြော့နှစ်ကြော့ တေးကိုသီ (ကဗျာ၊ သီချင်း)
ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး