ဈေးကြီးသော ပန်းချီဆရာဝန်

လွန်ခဲ့တဲ့ ၂၈ နှစ်ကသိမ်းထားခဲ့တဲ့ သံသေတ္တာလေးကို ဖွင့်တော့ အထဲမှာ ရေဆေးပန်းချီကားလေးတချပ်တွေ့တယ်။ ကျွန်တော့်လက်မှတ်ပါပေမဲ့ နေ့စွဲမပါ။ ပန်းချီသောင်းဟန်ကို အတုခိုးပါတယ်။

အဲတာကြည့်ပြီး သူငယ်ချင်း ဆရာဝန်တယောက်က ကိုယ်တိုင်ဆွဲလား တယ်ဟုတ်ပါလားတဲ့။ သူက ရန်ကုန်ကနေ အောင်လို့ ကျွန်တော်ပုံဆွဲဝါသနာပါမှန်း မသိ။ ဆေးမန်းကသူငယ်ချင်းတွေကတော့ အကြောင်းသိ။

ငယ်စဉ်က လက်
စုတ်ချက် ရေဆေး
သင်္ဘောဆေးနဲ့ ဆိုင်းဘုတ်ရေး
မင်းသားမင်းသမီး ပေါထရိတ်ရေး
ရှုမျှော်ခင်းနဲ့ သူငယ်ချင်းများရည်းစား ပုံတူရေး
လက်ဖက်ရည်တိုက်ကြေး။

ဒေါက်တာတင့်ဆွေ
၎-၆-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး