ဘွဲ့

ဒီမြို့မှာနေကြတဲ့ မိတ်ဆွေတချို့ ဘွဲ့ရကြတယ်။ ကွန်ဂရက်ကျူလေးရှင်း။ ကူးစက်ရောဂါကာလဖြစ်လို့ ဘွဲ့ပေးနည်းက အမျိုးမျိုး။ ဒီတိုင်းပြည်မှာ အထက်တန်း ၁၂ တန်းအဆင့်အောင်တာကိုလည်း ဂရက်ကျူယေးရှင်းလို့ခေါ်ပြီး အထက်တန်း ဒီပလိုမာဘွဲ့ ပေးတယ်။ ကောလိပ် တက္ကသိုလ် တခုခု တက်နိုင်ပြီ။ သူတို့ဟာ ဒီတိုင်းပြည်ကိုလာစဉ်က ပညာသင်ဖို့ ရည်ရွယ်ချက်နဲ့ လာကြတာတော့ မဟုတ်။ ပညာသင်ခွင့် လိုက်ရှာပြီး ကြိုးစားကြတာ။

အခုပဲ မြန်မာအစိုးရ ဝန်ကြီးဌာနတခုက အလုပ်ခေါ်စာ တခုတွေ့တယ်။ တက္ကသိုလ်တခုခုမှ ဘွဲ့ရရှိသူဖြစ်ရမည်လို့ သတ်ပုံမှန်နဲ့ ရေးထားတယ်။ ကွန်ဂရက်ကျူလေးရှင်း။ စာအတုတော့ မဟုတ်လောက်ဘူး ထင်တာပဲ။

ဂူဂယ်အင်မေ့ခ်ျမှာ တခုခုကို တခုခုလို့မရေးတာတွေက အလွန်ကိုများတယ်။ ခေါင်းပေါ်မှာ ဘွဲ့ယူဆောင်းစရာသာပါပေမဲ့ မြန်မာစာတော့ အထက်တန်းမအောင်ကြသေးဘူးတယ်တယ်။ စာကြိုးစားကြပါ။

ဒေါက်တာတင့်ဆွေ
၅-၆-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး