လက်ရေးနဲ့ကဗျာ

၁။ ပုံပါလက်ရေးက ဆရာ့လက်ရေးလား ဆရာမငွေတာရီလက်ရေးလား ဆရာ

ကျွန်တော် မရေးပါ။ ငွေတာရီလက်ရေး။

၂။ ဆရာ့စာလေးရောကဗျာလေးရော Share ထားပါတယ်ဆရာ ငယ်ကသိခဲ့တဲ့ကဗျာလေးလို ဆရာ့အလင်းရောင် အမြဲထွန်းပြောင်ပါစေသတည်း။

ကျွန်တော့်လက်ရေး မဟုတ်ပါ။ ငွေတာရီလက်ရေး။

၃။ ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်မှာ သင်ခဲ့ရပါတယ် ဆရာ

ကျောင်းသုံးတွေမှာ ပေါ်လစီသတ်ပုံနဲ့ ပြင်ထားမယ်။ မလုပ်ကောင်းတာ။

ငွေတာရီလက်ရေးကဗျာတွေရှိတယ်။ ကြည်အေးလက်ရေးကဗျာတွေ ရှိတယ်။ မင်းသုဝဏ် လက်ရေး ကဗျာတွေရှိတယ်။ ဆရာတင်မိုး လက်ရေးကဗျာတွေရှိတယ်။ သရုပ်ဖေါ်ပုံရေးဆွဲတဲ့ ပန်းချီဆရာလက်ရေးတဲ့ကဗျာတွေရှိတယ်။ အဲတာလည်း အားနာရကောင်းမှန်မသိကြ။ သတ်ပုံပြင်ထုတ်၊ သတ်ပုံပြင်ပြီး ကျောင်းမှာ သင်ခိုင်းတယ်။

ဒေါက်တာတင့်ဆွေ
၃-၆-၂၀၂၀

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး