အကျော်ဒေယျ နှင့် အကျော်ဇေယျ

အကျော်ဒေယျလား၊ အကျော်ဇေယျလား ဆရာ။ ကြေးမုံဆောင်းပါးတပုဒ်မှာ အကျော်ဇေယျ လို့ရေးထားလို့ပါ။

ကျွန်တော်တို့ငယ်စဉ်ကတည်းက နားစွဲနေတာကတော့ အကျော်ဒေယျ။ လက်ထဲမှာရှိတဲ့ သတ်ပုံစာအုပ်တွေထဲမှာ မပါပါ။ ပါဠိ-မြန်မာအဘိဓာန်မှာ
ဒေယျ = ပေးရာသော၊ လှူဘွယ်၊
ဇေယျ = အောင်ရာသော၊ အထူးသဖြင့်ကြီးသည်။

အကျော်ဇေယျလား အကျော်ဒေးယျလား ဆရာသန်းဝင်းလှိုင်ရေးထားတာတွေ့တယ်။ ကျော်ကြားထင်ရှားခြင်း၏ အဓိပ္ပါယ်ကို အကျော်ဇေယျဟူသော ဝေါဟာရကို သုံးနှုန်းကြပါသည်။ မြန်မာစာအဖွဲ့ မြန်မာအဘိဓာန်ကျမ်းမှာ အကျော်ဇေယျ = ကျော်စောထင်ရှားခြင်း။ ဦးဖိုးလှရဲ့ မြန်မာ့သတ်ညွှန်းဒီပနီစာအုပ်မှာ အကျော်ဇေယျ။

ဦးသုခက အကျော်ဒေယျ ဗုဒ္ဓသမီးတော်များ စာအုပ်ရေးတယ်။

ဇေယျလို့အသံထွက်တဲ့ Jaya ဆိုတာ ဆန်းစ်ကရစ် ခေါ် သက္ကတဘာသာနဲ့ အောင်မြင်ခြင်းလို့ အဓိပ္ပါယ်ရတယ်။ Jaiya လို့လည်းရေးတယ်။

မာမာအေးကရေးထားတယ်။ မြန်မာသံပီပီ အသံတည်တည်နဲ့ ချိုကြည်မာန်ပိုင် မေလှမြိုင်လို့ ခေါ်တဲ့ အကျော်ဒေယျ တေးသီမအကြောင်းဆိုရင် သောတရှင်တို့ တချို့ နားယဉ်ပြီးသား ဖြစ်မှာပါ။

ဒေါက်တာတင့်ဆွေ
၂၃-၂-၂ဝ၁၉

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး