သေရခြင်း အပြား လေးပါးရှိ၏

လေးပါးဟူသော်ကား။

(၁) ကံအားပင်ရှိသော်လည်း အသက်တမ်းသို့လိုက်၍ သေရခြင်း (အာယုက္ခယမရဏ)

(၂) သက်တမ်းပင် မစေ့သေးသော်လည်း ကံအားကုန်၍ သေရခြင်း (ကမ္မ က္ခယမရဏ)

(၃) သက်တမ်းလည်းစေ့၊ ကံလည်းအားကုန် နှစ်ပါးဆုံ၍ သေရခြင်း (ဥဘ က္ခယမရဏ)

(၄) သက်တမ်းလည်းရှိသေးလျက်၊ ကံအားလည်း တောင့်တင်းပါသေးလျက်၊ ဥပစ္ဆေဒကကံတပါးသည် အတင်းဖြတ်၍ သေရခြင်း (ဥပစ္ဆေဒကမဂဏ)

မင်းတိုင်ပင်အမတ်ကြီးဦးဘဘေ ရေးသားပြုစုတဲ့ ၁၉၁၄ ခုနှစ် သြဂုတ်လ (၂၇) ရက်နေ့ထုတ် ဗုဒ္ဓဘာသာသင်္ခေပ ကျမ်းထဲက ဖြစ်ပါတယ်။ မြန်မာနိုင်ငံက အင်္ဂလိပ်လက်အောက်မှာသာရှိပါသေးတယ်။ သတ်ပုံတွေကိုလည်း သတိပြုစေလိုပါတယ်။ တပါးကို တစ်ပါးလို့ ပြောင်းလာတာက ၁၉၈၀ ကျော်မှသာဖြစ်တယ်။ လူတိုင်းကတော့ လိုက်မရေးပါ။

နောင်မှာ ဘယ်လိုတွေပြောင်းဦးမလဲ မသိနိုင်။ မြန်မာစာ ဥပစ္ဆေဒကကံမျိုး မကြုံစေချင်ပါ။

ဒေါက်တာတင့်ဆွေ
၂၆-၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး