Policy Made Mistake ဘာလို့ မှားနေကြလဲ

၁။ ဟုတ်တယ်ဆရာ လွန်ခဲ့တဲ့ ၅နှစ်က အဋ္ဌမတန်းအဆင့်လောက်ကို ပျက်စီး နှင့် ဖျက်ဆီး အမှားတခုလောက်ဘဲ ပြင်ပေးရတယ်၊ အခုတော့ MRTV လိုနေရာမျိုးမှာ ဘယ်လိုအရည်အချင်း သတ်မှတ်ချက်နင့် အလုပ်ခေါ်သလဲ အံဩမိတယ်ဆရာ။

အမှားတစ်ခုကို ပြင်လိုက်တယ်။ ဆောရီး။ တီဗွီဌာနတွေသာမကပါ ဝန်ကြီးဌာနတွေကပါ ပေါ်လစီနောက်သာ လိုက်ရေးနေကြတယ်။ တကိုတစ်လို့ရေးရင်ပြီးရော၊ ကျန်တာဘာမှားမှား အရေးမကြီးလို့ထင်နေကြတုန်းပဲ။

၂။ အမှန်ကို မသိလို့ မှားတာက နည်းနည်း။ တမင်ဖျက်ရေးတာက များများပါဆရာ။

ကျွန်တော့်လေ့လာမှုအရ တကယ်ကိုမှားသိနေသူတွေက အတော်များတယ်။ ဆရာဝန်ကို ကိုယ့်ကျန်းမာရေးမေးတာကို စာဖျက်ရေးလေ့မရှိပါ။ ကင်ဆာအကြောင်းမေးရင် အမှန်လို့ထင်တာသာရေးမယ်။ အပျော် အပြောင်ရေးကြတာ ပြောစရာ မရှိပါ။

တကိုတစ်လို့ရေးရင်ပြီးရော၊ ကျန်တာဘာမှားမှား အရေးမကြီးလို့ ထင်နေကြတုန်းပဲ။

ဒေါက်တာတင့်ဆွေ
၂၁-၂-၂ဝ၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး