ဆောင်းငွေ့ကုန်လု

ထိန်ထိန်လင်း ချိန်ခင်းတဲ့တာရာ
တပို့တွဲ ပေါက်လဲငုံကာစီလို့
ကုံရာသီ ကြယ်မာဃ၊ ထွန်းပတဲ့ခါ။

မြကေရှင် ခင်ခင်နုငယ်တို့
လအစဉ် သဘင်ပြုကြတယ်
ဆွမ်းရာဂု မီးပုံးဝါ၊ ပွဲသာတဲ့သည်ရတု။

တသက်ပန် လေလေ့၊ အချက်မလေးသူ
မတန်ရော့ထင့်၊ သရက္ခန် ပုံလိုသင်းပါတဲ့
ချစ်ရင်းသူ စံလှော်ရွှေနှင့်၊ ကံတော်မေသည်အကြောင်းငယ်
ပေါင်း၍ ဆုံဘူးတဲ့မှကွယ်၊ ဆောင်းငွေ့ကုန်လု။

အမည်မသိစာဆိုရဲ့ကဗျာကို ကဗျာကောင်းတွေတင်တဲ့နေရာမှာ တွေ့ပါတယ်။ ကျေးဇူး။

ဒီမှာတော့ ဆောင်းငွေ့က မကုန်ချင်သေး။ အေးသေးတယ်။ ပေါက်လဲငုံကာစီတာ ဘယ်ဆီမှာမသိ။ ဆွမ်းရာဂု မီးပုံးပွဲလည်း မနွှဲရ။ မြကေရှင် ခင်ခင်နုငယ်တို့ ဆောင်းငွေ့ကုန်လုမှာ ကုသိုလ်ပြုနိုင်ကြပါစေသတည်း။

တပို့တွဲ ပေါက်လဲရယ်တဲ့ ထိန်ထိန်လျှံ တေးဖွဲ့သံ တစာစာနဲ့ ထမနဲပွဲလည်း နွှဲကြပြီ့

တစ်သက်ပန်၊ တစ်စာစာလို့ရေးတဲ့သူတွေပါ ကျန်းမာကြပါစေ။

ဆယ့်နှစ်လရာသီ - ဖြူသီ https://www.youtube.com/watch?v=9T3V-nzv1AY

ဒေါက်တာတင့်ဆွေ
၂၈-၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး