တစိမ့်စိမ့်အောက်မေ့ တငွေ့ငွေ့ဆင်ခြင်

ကဗျာကောင်းတွေတင်တဲ့ အစုတခုထဲမှာ မောင်းမတထောင်ကဗျာလို့ တင်ထားတာ တွေ့တယ်။ ဦးပုညရေးခဲ့တာ မောင်းမတထောင် ဟုတ် မဟုတ် စစ်ဆေးပေးစေလိုပါတယ်။ ကျေးဇူး။

စလေဦးပုညအကြောင်း မြန်မာ့စွယ်စုံကျမ်းမှာ သည်လိုတွေ့ပါတယ်။

မြဆိုင်ပညောင်၊ ရွှေဂူချောင်ဝယ်။ ဆွေမောင်နှင့်မယ်၊ ကျီဆယ်သမှု၊ ပန်းခိုင်လု၍။ ကယုကယင်၊ ချစ်တုံ့တင်လျက်၊ ကြင်ကြင်လည်လည်၊ ပျော်ခဲ့ဘူးသည်များကို ကြံစည်စေ့စေ့၊ တစိမ့်စိမ့်အောက်မေ့၍၊ တငွေ့ငွေ့ဆင်ခြင်၊ ပူစကိုငင်မိလျှင်၊ ပူပင်လယ်ရေ၊ လှိုင်းဗောင်ဗင်ဝေသောကြောင့်၊ မဖြေနိုင် မဆည်နိုင်၊ သည်းစိုင်လောင်ခြစ်၊ ကျမျက်ရည်ချောင်းဖြစ်အောင်၊ အော်ဟစ်၍ငိုဆဲတွင်။ (ဆဒ္ဒန်ဆင်မင်းဝတ္ထု)

အကာဆူးခက် ပင်ဖက်အမိုး၊ ကျူရိုးတိုင်ထူ၊ နေပူကြဲကြဲ၊ ဝက်သိုက်ထဲတွင်၊ အုဌ်ခဲခေါင်းအုံး၊ အိုးတလုံးဖျာမရှိ၊ ဘူမိကမ္မလာ၊ မြေမွေ့ရာထက်၊ ချူချာတော်မူလှသော။ (ကာကဝလ္လိယဝတ္ထု)

ချူချာတော်မူလှသော ဦးပုညခင်ဗျာ တတွေမှာ စသတ်မပါ။ တစိမ့်စိမ့်အောက်မေ့၍၊ တငွေ့ငွေ့ဆင်ခြင်နိုင်ကြစေသောဝ်။

ဒေါက်တာတင့်ဆွေ
၂၅-၂-၂၀၁၉

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး