လက်ရေတပြင်တည်း ရှေးကထက် ပိုချစ်ကြတယ်

အလွန်ကောင်းတဲ့သီချင်းကို တင်ပေးကြတယ်။ ကျေးဇူး။ တချို့သာ သတ်ပုံမှန်တယ်။

လက်ရေတပြင်တည်း နှီးဒေါင်းလန်းကြီးရယ်နဲ့ သိုင်းဖွဲ့ကာ ဝိုင်းဖွဲ့ကာ စားကြသည်မောင် မကြည်အောင် ခပ်ငယ်ငယ့့် တေးဆိုကြ မြူးပျော်ကြ ဟေ့သူငယ်ချင်းရေ ဒို့နယ်ပယ်တွင့့် မိုးသက်ကယ်ဆင့့် ရှစ်ခွင်ကမည်း
အို့ ရွာမလိုလိုနဲ့ပဲ့  တစို့ပေါ်မှာ ကင်တယ်မောင်ရယ် ဆူးရင်းခပ်ပြီး မိုးမျှော်ငရုပ်သီးထောင်းနဲ့ ကိုဘိုကေရယ် ဒေါင်းလမ်းကြီးရဲ့အလယ်  ညီညွတ်ရေးနဲ့ အသက်ရှည်ရှည် ခင်တယ်မောင်ရယ် လက်ရေတပြင်တည်း ရှေးကထက် ပိုချစ်ကြတယ်။

နန်းတော်ရှေ့ဆရာတင်ရဲ့ ဒီသီချင်းကို စာသားမူကွဲတွေနဲ့ သီဆိုကြပါတယ်။ လက်ရေတပြင်တည်း၊ နှီးဒေါင်းလန်းတွေနဲ့၊ ဝိုင်းဖွဲ့ကာ စားကြသည်၊ မြမဒီခင် ခပ်ငယ်ငယ်၊့

https://www.facebook.com/52khinthida46/videos/pcb.10210449548976065/10210449504814961/?type=3&theater
သီချင်း - လက်ရည်တပြင်တည်း
ဆို - မာမာအေး
တီး - စန္ဒရားဂီတလုင် မောင်ကိုကို
မှန်တယ်။

https://www.facebook.com/100022042233499/videos/427552244656180/
မှန်တယ်။

ဇာတိနွယ် (လက်ရည်တပြင်တည်း)
တေးရေး နန်းတော်ရှေ့ဆရာတင်
မူရင်းဆို မကြည်အောင်
တေးဂီတ စောင်းလှိုင်ဝင်းမောင်
ယခုပြန်ဆို မိမိခိုင်
မှန်တယ်။

နောက်လင့်တခုကို တင်ထားသူက လက်ရည်တစ်ပြင်တည်းလို့ တစ်သတ်ပုံနဲ့သာ ရေးထားတယ်။ မှားတယ်။ ကျွန်တော်က မှားတာတွေ တင်လေ့မရှိပါ။ သီချင်းကောင်းလျှက် စာသားဖျက်၏။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး