မွန်အမျိုးသားနေ့

ယူအက်စ် အင်ဒီယာနာပုလစ်မြို့မှာကျင်းပတဲ့ မွန်အမျိုးသားနေ့မှာ စကားပြောရတယ်။

ကျွန်တော်က ရာဇဝင်စိတ်ဝင်စားတယ်။ စာတွေလည်းဖတ်တယ်။ လူမျိုးစုံနဲ့ ရင်းရင်းနှီးနှီး နှစ်တွေအကြာကြီးနေရတယ်။ ကျွန်တော့်အသက်နဲ့ အတွေ့အကြုံတွေအရ သိထားတာထဲမှာ မွန်အမျိုးသားအကြောင်း သိတာက နည်းနည်းလေးသာ ရှိသေးတယ်။

မွန်မိန်းကလေးတွေ ဝတ်စားဆင်ယင်တာ သီချင်းဆိုတာနဲ့ ကတာတွေက ဗမာတွေနဲ့ အတော်ကိုတူတယ်။ မြန်မာအက တေးဂီတနဲ့ လက်မှုပညာတချို့ဟာ ယိုဒယားနဲ့ မဏိပူကနေယူလာတာတွေ။

ယူအက်စ်အေမှာ ပြောစမှတ်တခုရှိတယ်။ မဲလ်တင်းပေါ့ ခေါ် ထည့်ထားတာတွေဟာ မတူပေမဲ့ ဟင်းချိုအိုးကြီးထဲမှာ သမမျှတပြီး ပေါင်းစပ်ပျော်ဝင်နေတယ်တဲ့။ ကျွန်တော်တို့နိုင်ငံမှာလည်း အမယ်စုံပါပြီး အလွန်အရသာရှိတဲ့ ဟင်းရည်အိုးကြီး ဖြစ်စေချင်တယ်။

မွန်သုတတွေ ရလာခဲ့တယ်။ ကျေးဇူး။

ဒေါက်တာတင့်ဆွေ
၁၇-၂-၂၀၁၉

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး