ငွေလမင်း

အမေလူထုဒေါ်အမာ မွေးနေ့ ဗန်းမော်ညိုနွဲ့ကဗျာ။ ပို့ပေးသူက ဆရာမောင်စွမ်းရည်။ ကျေးဇူး။

သည်လောကသည်
တက်ချည် ကျချည် စက်ဝန်းလည်မြဲ

သည်စက်ဝန်းသွား မောင်းလက်ကြား၌
ဓားသွားမငြိ အထိမခံ
အမှန်ဘက်နေ ရှာဖွေအမှန်တရား
ရုန်းသွားတိုးဝေ့ တရွေ့ရွေ့သော
အမေ့ဘဝ အရိပ်မြ၏
ယုယပိုက်ဖြား စုစည်းအားဖြင့်
သားတို့ဝန်းလှည့် ရှိပါကြောင်း။

၁၉၉၆ ခုနှစ်က ကဗျာတွေ စာတွေမှာ တစ်ရွေ့ရွေ့လို့ မရေးပါ။ မြန်မာစာသည် တက်ချည် ကျချည် စက်ဝန်းလည်နေပါသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး