Doctors Sometimes Pretend ကန်တော့ပါ မေးခွန်းတမျိုး

(ကန်တော့)

အသက်က ၂၀ပါ သူအလိုမဖြစ်ခင်တလောက် ရာသီမလာဘူးပြောပါတယ် မဖြစ်ခင် တလလောက် ဖြေလို့ရရင်ဖြေပေးပါဆရာ ဖြစ်တာက တလလောက်ပဲရှိပါသေတယ် ဆေခန်းပြတောကိုယ်ဝန်းက ၂လကျော်နေပါပြီ

ဘာမေးသလဲ မသိ။ ကိုယ်ဝန်ဖျက်နည်းမေးတာဆိုရင် မဖြေပါ။ ဆောရီး။

မဟုတ်ပါဘူးဆရာ သူက တခါထဲပဲ နေတာပြောပါတယ် ပြီးတော့ကိုယ်ဝန်လဲရှိသွားပါတယ်

ဖြေရန် မရှိ

မိန်းကလေးတယောက် ယောက်ျာလေးနဲ့ တခါထဲ နေယုံနဲ့ ကိုယ်ဝန်ရှိနိုင်လာလို့ သိချင်တာပါဆရာ ဖြေလို့ရရင်ဖြေပေးပါဆရာ ဘာပြသနာမ မရှိပါဘူ သိချင်လိုပါ ဖြေပေးလို့မရဘူးလာဆရာ ကျေးဇူးပြုပြီ ဖြေပါလာဆရာ အရမ်းသိချင်လို့ပါ

ရမ်းဖြေလို့ မရနိုင်။ မိန်းကလေးဆိုသူ အသက်၊ ရာသီ၊ သွေးဆုံး မဆုံး၊ အပျိုဖြစ် မဖြစ်၊ မျိုးဥထွက် မထွက်၊ အတူနေရက်၊ ယောက်ျားဆိုသူမှာ သုက်ပိုးရှိ မရှိ စတာတွေမသိပဲ ရမ်းဖြေမရ။

ကောင်မလေးက အသက် ၂၀ပါ သူပြောတာကတော့ ယောက်ျာလေးနဲ့ တခါထည်ပဲနေခဲ့တာလို့ပြောတယ် အလိုမနေခင် တလလောတည်းက ရာသီမလာဘူးလို့ ပြောပါတယ် တခါထဲ အတူနေတာ ကိုယ်ဝန်ရှိနိုင်မရှိနိုင် သိချင်လို့ပါဆရာ ကျေးဇူးတင်ပါတယ်

ကိုယ်ဝန်ရနိုင်တဲ့ရက်မှာ အတူနေတာနဲ့ ရနိုင်တယ်။ အမှန်က သုက်ပိုးဝင်တာနဲ့ရနိုင်တယ်။ အကြိမ်အရေအတွက် မလို။ အတူနေရာဇဝင်ကို ကာယကံရှင်မိန်းကလေးသာသိတယ်။ ဘေးလူတွေ ဆရာဝန်တွေက မသိနိုင်ကြပါ။

မေးခွန်းပါမိန်းကလေး အရင်လက ဘာ့ကြောင့် ရာသီမလာသလဲကို သိစရာလိုသေးတယ်။ ဆရာဝန်တွေက မသိချင်ယောင် ဆောင်ရတဲ့အခါလည်းရှိတယ်။

ဒေါက်တာတင့်ဆွေ
၂၃-၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး