နွေရသ၏ ရွှေအလှအပ

သစ်ရွက်ရှိုက်ငင်၊ နွေဦးဝင်စ
နေမျှစူးရှ၊ သစ်ရွက်ကြွေကျပေါ့
မလှပတဲ့ထဲက ရသအလှ။

နွေဒဏ်ရာက၊ နာကျင်မြေ့မြေ့
တငွေ့ငွေ့နှင့်
အောက်မေ့တသ၊ လွမ်းဆွတ်မြဖွယ်။

နေရောင်တောက်စူး၊ အဖူးတချို့
မြေသို့ခညောင်း၊
အဟောင်းပုံစု၊ ရတုထုထောင်း
မြင်မကောင်းဘူး။

စမ်းချောင်းခြောက်သွေ့၊ မြေညိုလှေ့လျက်
ဝေ့ဝဲဖုန်တော၊ ချောင်းကောပျက်စီး
နွေခရီး၏၊ မီးကျီးကျက်ကျက်
ပေါင်းဖိုထက်သို့၊ တက်ရသည့်နှယ်။

ရွက်နုပုရစ်၊ တံခါးလှစ်ကြည့်
အသစ်အလှ၊ မြင်လိုက်ရလျှင်
နွေက မဟုတ်တော့ပြီလေ
စိမ်းမြရောင်ကလေး ဝေ။

ဆရာတင်မိုးရဲ့ ၁၃-၃-၁၉၉၅ နေ့စွဲနဲ့ကဗျာ။ ဒီမှာတော့ နွေကို မမျှော်မှန်းနိုင်သေးပါ။ မြို့မြောက်ပိုင်းသွားတော့ နှင်းတွေကျနေတာ တွေ့ခဲရတယ်။ အတော်လည်းအေးတယ်။

မြန်မာစာဒဏ်ရာက နာကျင်မြေ့မြေ့၊ တငွေ့ငွေ့နှင့်၊ အောက်မေ့တသ၊ လွမ်းဆွတ်မြဖွယ်ပါတကား။

ဒေါက်တာတင့်ဆွေ
၁၇-၂-၂၀၁၉

Comments

Popular posts from this blog

Menoral ဟော်မုန်းဆေးတမျိုး

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

ပုတ် နှင့် ပုပ်