Life expectancy သူအရင်လား ကိုယ်အရင်လား

အထက်တန်းကျောင်းနေဘက် သူငယ်ချင်းတယောက်က သတင်းပေးပါတယ်။ မနေ့က ငွေဆောင်မှာ့ ဆုံးသွားပြီ။ ဟိုတလောက့ ဆုံးသွားတယ် တဲ့။

အော့့် အေး ကိုယ့်အလှည့် လာတော့မယ်ပေါ့။ ဆယ်တန်းကသူငယ်ချင်းတွေနဲ့ ဆေးကျောင်းကသူငယ်ချင်းတွေကို အလွန်သတိရတယ်။ နေကောင်းကြပါစေ။

သူကပဲ ပြန်ရေးတယ်။ ဤခရီးနီးသလား  နီးတာပေါ့သူငယ်ချင်းရယ် ဘယ်ဘူတာရောက်ရင် ဆင်းရမလဲပေါ့ အထက်တန်းလက်မှတ်လေးနဲ့ ခရီးဆုံးအထိ သွားနိုင်ရင်ကောင်းမှာဘဲ တဲ့။

အနှစ်ခုနစ်ဆယ်ခရီး နီးသလား၊ ဝေးသလား။ တိုသောတုတ်ဖြင့်တိုင်းသော် ရှည်၏။ သတင်းပြောသူက မိန်းကလေး။ ဆေးကျောင်းအတူတက်သူတွေထဲမှာ ဆုံးသွားသူတွေက အားလုံး ယောက်ျားလေးတွေချည်းပဲ။

သူအရင်လား ကိုယ်အရင်လား။ ဆေးသုတေသနတွေအရ အမျိုးသမီးတွေက ပိုပြီးအသက်ရှည်ကြတယ်။

အသက်အရှည်ဆုံးနိုင်ငံတွေက
၁။ Japan အဆင့် 1 - မ - 86.8 - ကျား 80.5 - ပျမ်းမျှ 74.9 နှစ်။
၂။ Switzerland အဆင့် 2 - မ 85.3 - ကျား 81.3 - ပျမ်းမျှ 73.1 နှစ်။
 ၃။ Singapore အဆင့် 3 - မ 86.1 - ကျား 80.0 - ပျမ်းမျှ 73.9 နှစ်။
 ၄။ Australia အဆင့် 4 - မ 84.8 - ကျား 80.9 - ပျမ်းမျှ 71.9 နှစ်။

အသက်အတိုဆုံးနိုင်ငံတွေက
၁။ Chad အဆင့် 180 - မ - 54.5 - ကျား 51.7 - ပျမ်းမျှ 46.1 နှစ်။
၂။ Central African Republic အဆင့် 181 - မ - 54.1 - ကျား 50.9 - ပျမ်းမျှ 45.9 နှစ်။
၃။ Angola အဆင့် 182 - မ 54.0 - ကျား 50.9 - ပျမ်းမျှ 45.8 နှစ်။
၎။ Sierra Leone အဆင့် 183 - မ 50.8 - ကျား 49.3 - ပျမ်းမျှ 44.4 နှစ်။

Myanmar မြန်မာနိုင်ငံ၊ အဆင့် 129 - မ 68.5 - ကျား 64.6 - ပျမ်းမျှ 59.2 နှစ်။ 

မိန်းကလေး သူငယ်ချင်းတွေ ကံကောင်းကြပါစေ။ သူတို့က အစားရှောင်ကြရတာများတယ်။ ယောက်ျားလေး သူငယ်ချင်းတွေ ကောင်းကောင်းစားနိုင်ကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၆-၂-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး