လမင်းကွယ်ချိန်

ကြည်အောင်ရေးခဲ့တာက လမင်းတရာ။

ရောင်နီက လမင်းတရာဝတ္ထုရေးတယ်။

မောင်ယဉ်နွယ်ရေးခဲ့တာက လမင်းတထောင်။

မြို့မန္တလာ နှစ်တရာ (၁၂၂၁ - ၁၃၂၁) တံဆိပ်ခေါင်း။

သူငယ်တန်း မြန်မာသင်ပုန်းကြီး ဖတ်စာသစ် (၁၉၇၉) မှာ ပန်းတပွင့်ပုံ ဆွဲပါ။

ကလေးချော့ကဗျာတွေမှာ ဖါးပါရင် တကောင်ပေးပ၊ ဆပ်သဖူးတဲ့ တရုံနှစ်ရုံ၊ ခွေးမြီးကောက်တဲ့ တကောင်နှစ်ကောင်၊ နာရီသံ တချက်ပေး၊ ကိုး တဆယ် ကြက်မကြီးကိုဝယ်။

ကျွန်တော်တို့ဆေးကျောင်းသားဘဝ မန္တလေးမှာ လမင်းတရာအငြိမ့်ကို သွားသွားကြည့်ကြတယ်။ ခုခေတ်က မြန်မာစာကို မဖတ်တတ်တော့၊ အငြိမ့်တွေလည်းပျောက်၊ မြန်မာစာလမင်းကြီး မလင်းနိုင်တော့ပါတကား။

ဆရာတင်မိုးကဗျာမှာ နွေပူကြီးစိုး ရာသီဆိုးတွင် ပန်းမျိုးတရာ ဘယ်ပွင့်မှာလဲတဲ့။

ဒေါက်တာတင့်ဆွေ
၂၄-၂-၂၀၁၉

Comments