ကုတ် နှင့် ကုပ်

ကုက္ကိုပင် ကုက္ကိုလ်ပင် ကုက္ကိုယ်ပင် ဘယ်ဟာမှန်ပါသလဲ ပြောပြပေးပါဆရာ အငြင်းပွားနေလို့

ကုတ်ကိုပင်လို့ အရင်ထုတ်သတ်ပုံကျမ်းမှာပါတယ်။ ကုက္ကိုလို့လည်း အဆင့်စာလုံးနဲ့ ရေးကြတယ်။

အရင်က မေးတာရှိတယ်။ မိုးကုပ် မိုးကုတ် အတော်ခက်တဲ့ မြန်မာစာတဲ့။

ကုတ်
ကနကုတ်မြွေ
ကုတ် ခေါ် လီဗာ
ကုတ်ကတ်
ကုတ်ကိုပင်
ကုတ်ကုတ်ကတ်ကတ်
ကုတ်ကုတ်ကျစ်ကျစ် (ကြိုးကြိုးစားစား ခက်ခက်ခဲခဲ)
ကုတ်ကဲ = အားထုတ်သည်
ကုတ်ဖဲ့
ကုတ်ခြစ်
ကုတ်ဖြင့်ကော်
ကုတ်ဟည်းပင် (ကုဟည်းပင်)
ကုတ်ဟီးနာ = ချောင်းဆိုးနာ
ကုတ္အက်ႌ
ကုတ်ကော်သည်
ကုတ်သေး = မထင်မရှားပုန်းအောင်းနေသော
ကုတ်နှင့်ကော်
ကျားကုတ်ကျားခဲ
ကြိုးကုတ်
ကြိုးကြိုးကုတ်ကုတ်
မင်းကုတ်ပင်
မိုးကုတ်ပတ္တမြား
မျက်မှောင်ကုတ်
ခြစ်ခြစ်ကုတ်ကုတ် (ခြိုးခြိုးခြံခြံ)
ဟိုက်ကုတ်ရုံး = ဟိုင်းကွတ်ရုံး
အပတ်တကုတ်
အီကုတ်
စေ့ကုတ်
လောကိလောကုတ်
လောကီလောကုတ်

ကုပ်
ကုပ်ကမြင်း
ကုပ်ကလူငှက်
ကုပ်ကုပ်ရုပ်ရုပ်
ကုပ်ကုပ်နေ
ကုပ်ကျစ်ပိပြား
ကုပ်ဆက်
ကုပ်ဆိုင်း
ကုပ်တွယ်
ကုပ်ပိုး
ကုပ်အိမ်
ကုပ်ကွေး
ကုပ်ကွေး
ကုပ်ချောင်းချောင်း
ကုပ်နှိပ်
ချိုကုပ်နွား
စာရင်းကုပ်
ဇိကုပ်
တကုပ်ကုပ်လုပ်
တင်းကုပ်
တဲကုပ်
ဘီးကုပ်
မိုးကုပ်စက်ဝန်း
လက်စွပ်စွန်ကုပ်
လည်ကုပ်
လှည်းပေါင်းကုပ်
လိပ်ကုပ်
အင်ကုပ်
အနုပ်စုတ်ကုပ်စုတ်
ချောင်ကုပ်နေ
ခြေကုပ်စခန်း

ကုတ်ကိုပင်အောက်က ဘီးကုပ်လှလှလေးနဲ့ မိုးကုတ်မြို့သူတယောက် စွန်ကုပ်နဲ့ ပတ္တမြားလက်စွပ်ဝတ်ထားတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး